31 March, 2013

မူဆလင် ဘာသာဝင်သုံးဦးမှ တရားထိုင်နေသော သံဃာတော်အား ကိုယ်ထိ လက်ရောက်စော်ကား ...


ဘူးသီးတောင် မြို့ နယ် ဓမ္မ မဏ္ဍိုင် ကျောင်းတိုက် အတွင်း တရား ထိုင်နေသော ဦးပညာ သီရိအား မူဆလင်ဘာ သာဝင် ဘင်္ဂ လီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားသဖြင့် အဆိုပါ တရားခံ သုံးဦးအား ဘူးသီးတောင် ရဲစခန်းမှ ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ ..


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။

30 March, 2013

သဲကုန်းအခြေအနေ တင်းမာဆဲ ..


ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေစခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

“တောင်ကိုရီးယားနှင့် စစ်ဖြစ်နေပြီဟု မြောက်ကိုရီးယား ကြေညာ” ..


တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ကိုရီးယားကျွန်းဆွယ်တွင်မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲ လေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

ဆူပူအကြမ်းဖက်မှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတစုရဲ့ အကွက်ကျစီစဉ် ..

ပဲခူးတိုင်းအတွင်း မြို့နယ်တချို့က ဆူပူအကြမ်းဖက်မှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။
ရိုက်ကူး အောင်ထွန်းမြင့်
Copy from - DVB TV News

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ ဗလီကျောင်းတွင် လုံခြုံရေးများ ချထား...


သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်အတွင်း ရှိ မွတ်ဆလင် ဘုရားရှိခိုးကျောင်း တခုဖြစ်သော ဂျာမေ့ဗလီကျောင်းတွင် မတ်လ ၂၈ ရက် ညပိုင်းကစပြီးအာဏာပိုင်ဘက်မှ လုံခြုံရေးများချထားကြောင်း သတင်းရရှိသည်။

သပိတ်စခန်းဖြိုခွင်းမှု ၄ လပြည့် အထိမ်းအမှတ် ရန်ကုန်မှာ ဆန္ဒပြ ..


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ နှစ်နာရီကြာပြုလုပ်ခဲ့ပါတယ်။

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော ..


လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ ...


ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက်ချိုးဖေါက်နေတာကြောင့် သူတို့သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီးဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်
ရောက်ရှိလာပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည် ..


လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။  

29 March, 2013

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက် ..


''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက် ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

အင်အားသုံး ဖြေရှင်းနည်းကို ဦးသိန်းစိန် မလိုလားဟုဆို ..


မိတ္ထီလာမြို့က အစပြုပြီး မြန်မာနိုင်ငံ အောက်ပိုင်း ဒေသ တွေကို ပြန့်နှံ့သွားတဲ့ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က မနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထားလို့ ယူဆဖွယ်ဖြစ်တဲ့ စကားတခွန်းကို သူက ပြောသွားပါတယ်။

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ ..


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရမိ ကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက် လာသူ ၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။ 

28 March, 2013

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း


နေပြည်တော် မတ် ၂၈
မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ


မတ်လ ၂၈ ရက်၊ ၂၀၁၃
ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာသီ အတွင်းဝင်ရောက် ခဲ့ပြီဖြစ်   သောကြောင့် အပူချိန်မြင့်တက်ခြင်း၊  ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ် ရှိနေကြောင်း  မိုးလေ၀သဗေဒ ပညာရှင်ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ဘာသာရေးအကြမ်းဖက် ပျံ့နှံ့မှု အမေရိကန် စိုးရိမ် ..


ပဲခူးတိုင်း အတွင်း မြို့ တချို့မှာ တမြို့ပြီး တမြို့ ဗလီနဲ့ နေအိမ် တွေကို ဖျက်ဆီးမှုတွေ ဆက်လက် ဖြစ်ပွား နေရာမှာ မနေ့ညကတော့ မိုးညိုနဲ့ ပုတီးကုန်းတို့မှာ ဖျက်ဆီးခံခဲ့ကြရ ပါတယ်။

တိုက်ခိုက်မှု့တွေ ပုတီးကုန်း မိုးညို ထိ ပြန့်ပြီ ...


ပဲခူးတိုင်း အတွင်း မြို့ တချို့မှာ တမြို့ပြီး တမြို့ ဗလီနဲ့ နေအိမ် တွေကို ဖျက်ဆီးမှုတွေ ဆက်လက် ဖြစ်ပွား နေရာမှာ မနေ့ညကတော့ မိုးညိုနဲ့ ပုတီးကုန်းတို့မှာ ဖျက်ဆီးခံခဲ့ကြရ ပါတယ်။

မြပုဏ္ဍမာအငြိမ့် - ၂ ..


27 March, 2013

ဇီးကုန်းမြို့ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ဖျက်ဆီး ...


မတ်လ ၂၇၊ ၂၀၁၃
ဇီးကုန်း ။ ။ ပဲခူးတိုင်း ဇီးကုန်းရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ ၂-နာရီဝန်းကျင်က လာရောက်ဖျက်ဆီးနေကြောင်းသတင်းရရှိသည်။

နတ္တလင်းမှာ ဗလီ ၁ လုံးနဲ့ အိမ် ၅ လုံးဖျက်စီးခံရ ...


ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့က ဗလီ ၁ ခုနဲ့ အိမ် ၅ လုံးကို မနေ့ညက အကြမ်းဖက်သမားတစ်စုဝင်ရောက်ဖျက်ဆီးလိုက်တယ်          လို့ သတင်းရရှိပါတယ်။

ကြိုတင်ကြံစည်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ကြောင်း နမ်ဘီယားပြော..


မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အစီအစဉ်ရှိရှိ နဲ့ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် ကျူးလွန် သွားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ Vijay Nambiar   က ပြောလိုက်ပါတယ်။ထိုင်းနိုင်ငံ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

မြန်မာ့တပ်မတော် အပေါ် လူထုအမြင် ..


ကနေ့မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း နဲ့ လုံခြုံရေး ကို ထိပါးတဲ့ အခြေအနေ ပိုဆိုးလာရင် တပ်မတော် အုပ်ချုပ်ရေး နဲ့ ထိန်းသိမ်းဖွယ်ရာ ရှိတယ် လို့ တာဝန်ရှိသူ တချို့က ပြောနေ ကြ ပါပြီ။ ဒီအခါ မှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လည်း ပါလာလို့ ကနေ့ လို ၆၈ နှစ်ပြည့် တပ်မတော်နေ့ မှာ ပြည်သူ့ အမြင် သဘောထား သုံးသပ်ဖို့ လိုပါပြီ။

ဆူပူမှု့ တွေနဲ့ ပတ်သက်လို့ တိုင်းအစိုးရ ပါတီတွေ နဲ့ ဆွေးနွေး ..


မြန်မာ နိုင်ငံ စုစုပေါင်း လူဦးရေရဲ့ ဆယ်ပုံ တစ်ပုံ ရှိတဲ့ ရန်ကုန်တိုင်းမှာ ဆူပူမှု ဖြစ်ရင် နိုင်ငံ တဝန်းလုံးကို ပြန့်သွား နိုင်တယ်လို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက တိုင်း အစိုးရနဲ့ နိုင်ငံရေး ပါတီများ ဆွေးနွေးပွဲမှာ ပြောခဲ့ ပါတယ်။

စင်္ကာပူ မြပုဏ္ဍမာအငြိမ့် - ၁


နေ့စဉ် သတင်းစာ ၈ စောင် ထပ်မံခွင့်ပြု၊ ယှဉ်ပြိုင်မှုနှင့် စိန်ခေါ်မှု များမည် ..


အင်္ဂါနေ့၊ မတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၄၀ မိနစ်
ချင်းမိုင်(မဇ္စျိမ)။   ။ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားသူများအနက်မှ ဒုတိယ အသုတ်အဖြစ်
နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား ..


     (၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊
(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကိုနိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး၊
(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီးစွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်လာစေရေး'' တို့ဖြစ်ကြသည်။

26 March, 2013

အုပ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များ တွင် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေ ညာ ..


အုပ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များတွင် ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစတင်ကာ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ကြေညာ လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၏ အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရုပ်သံသတင်းများတွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား ..


 ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ် ...


ရန်ကုန်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အားဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။
အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်းလည်း တပ်မတော်နှင့်နီးစပ်သော အသိုင်းအ၀န်းမှ သိရသည်။

မိတ္ထီလာ မှာ ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ဘာသာပေါင်းစုံ တွေ့ ဆုံဆွေးနွေးပွဲ ( ရုပ်သံ )


ရန်ကုန်တိုင်းဒေသကြီး မှာ ဈေးဆိုင်တွေ ပိတ်ချိန် သတ်မှတ်..


 တာမွေမြို့နယ်သတိပဋ္ဌါန်လမ်းမှ ည လုံးပေါက်ဖွင့်သော စည်းစိမ်ရှင် လ္ဘက်ရည်ဆိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်၊ မီနီမားကတ်စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်မှူ့ များအစွမ်းကုန်တားဆီးမည်ဟု အစိုးရကြေငြာ..


မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန်းက ရပ်ကြဖို့နဲ့ ဒီ အကြမ်းဖက်မှုတွေ၊ ဘာသာရေး အစွန်းရောက်မှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေနိုင်ကြောင်း အစိုးရ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

25 March, 2013

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို ..

ညနေ - ၄ နာရီအချိန် မင်္ဂဈေး အနီး အသွားအလာ
ရန်ကုန်၊ မတ် ၂၅၊ ၂၀၁၃
ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန်ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက မီဒီယာ များသို့ အတည်ပြုပြောကြားသည်။

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန် ...

မင်္ဂလာဈေး
ရန်ကုန်၊ မတ် ၂၅
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ယင်းသတင်း များမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ် နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Voice Weekly သို့ ပြေကြားသည်။ 

နိုင်ငံအုပ်ချုပ်ရေး၊ လူမျိုးရေး၊ နယ်စပ်ရေးရာနှင့် အောက်ခြေလူတန်းစားများအကြား ပဋိပက္ခဖြစ်ပွားနိုင်သည့် ဂြိုဟ်ပူးယှဉ်မှု မတ်လကုန်တွင် ဖြစ်ပေါ်မည် ...


on Sunday, 24 March 2013 14:33
နိုင်ငံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမျိုးရေး၊ နယ်စပ်ရေးရာ ပြဿနာများနှင့် အောက်ခြေလူတန်းစားများအကြား ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူးယှဉ်မှုတစ်ရပ် မတ်လကုန်တွင် မြန်မာနိုင်ငံ၌ မွန်းတည့်ချိန် မိုးကောင်းကင်၌ ဖြစ်ပေါ်ရန်ရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ စီအီးအိုဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။

24 March, 2013

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး ဆွေးနွေးပြီး အစိုးရပေါ်လစီ အနေနဲ့ မိတ္ထီလာအရေးပေါ် မူ ခြောက်ရပ် ချမှတ်...


သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး ဆွေးနွေးပြီး အစိုးရပေါ်လစီ အနေနဲ့ မိတ္ထီလာအရေးပေါ် မူ ခြောက်ရပ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ မိတ္ထီလာမှာ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မူ ခြောက်ရပ်ကို ချပြ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကောင်စီ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည် ..


မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံးတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင်လေးမြို့နယ်ကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က လုံခြုံရေးတာဝန်ယူလိုက်ပြီးတဲ့နောက်ပိုင်း အခြေအနေဟာ တည်ငြိမ်စပြုလာပေမဲ့ အရေးပေါ်အခြေအနေ ပြန်ရုပ်ဖို့မရှိသေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် သေဆုံးသူ စုစုပေါင်း (၃၂) ဦး ရှိပြီ ...


နေပြည်တော် မတ် ၂၃
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း ...



တပ်မတော် အကူအညီ ယူရမည်ဟု သမ္မတမှ အမိန့်ထုတ်ပြီးနောက် ငြိမ်သက်သွားသည့် မိထ္ထီလာ အခြေအနေ ...


တပ်မတော်၏ အကူအညီ ယူရမည် ဆိုသည့် သမ္မတအမိန့် ထုတ်ပြန်ပြီး နောက် ပိုင်း မိထ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ မရှိတော့ကြောင်း သိရသည်။

22 March, 2013

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန် ..


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း   ၁၁      ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ  ၂၂   ရက်)
အရေးပေါ်အခြေအနေကြေညာခြင်း
၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
၄။  ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
၅။  ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။
(ပုံ) သိန်းစိန်               
နိုင်ငံတော်သမ္မတ          
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်