16 February, 2013

တကယ်ပဲ မင်္ဂလာဆွမ်းကျွေး လုပ်ခဲ့သလား ၀ိုင်းစုခိုင်သိန်း..


အဆိုတော် ဝိုင်းစုခိုင်သိန်းက ချစ်သူရှိရာ အမေရိကန် နိုင်ငံကို အလည်အပတ် ရောက်ရှိနေခဲ့ပါတယ်။ဖေဖော် ဝါရီ ၁၂ရက်မှာ သူ့ချစ်သူနဲ့အတူ မင်္ဂလာဦးဆွမ်းကျွေး တဲ့ဝိုင်း စုခိုင်သိန်ဆိုပြီး င်္Facebook စာမျက်နှာထက်မှာ ပုံတစ်ပုံတက်လာ ခဲ့ပါတယ်။ဆိုပါပုံရဲ့ အောက်ခြေမှာ ဝင်ပြီး Comment ပေါင်းကလည်း မြောက်မြားစွာ ပဲဖြစ်ပါတယ်။အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ဝိုင်းစုရဲ့ မိခင်ဖြစ်သူထံ ဖုန်းဆက်လို့ သတင်းမေး ခဲ့ပါတယ်။ဝိုင်းစုရဲ့မေမေက ထိုးသတင်း ကြားကြားချင်း သမီး ကိုစိတ်ဆိုးသံသယ ဝင်မိတယ်လို့ ဆိုပါတယ်။

 
အဆိုပါ ပုံကဝိုင်းစုရဲ့ ချစ်သူဥက္ကာတို့ မိသားစုရဲ့ အိမ်အသစ်မှာ အန္တရာယ်ကင်း ဆွမ်းကပ်တာဖြစ်ပြီး ပုံကိုသေချာကြည့် လိုက်ရင် သိနိုင်တယ် လို့ပြောပါတယ်။ ဝိုင်းစုနဲ့အတူ လိုက်သွားတဲ့ ဒေါ်သိင်္ဂီဦး ကိုယ်တိုင်တောင် သာမန် အနွေးထည် လေးဝတ်ထားတာ တွေ့မြင်ရမှာဖြစ်ပြီး မင်္ဂလာဆွမ်းကျွေး ဆိုရင်တော့မိသားစုတွေလည်းဝတ်ကောင်းစားလှတွေဝတ်ထားမှာပေါ့လို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဝိုင်စုမိခင်က ဖေဖော်ဝါရီလ ၁၃ရက် တစ်နံနက်လုံး ဖုန်းနဲ့ဒိုင်ခံ ရှင်းနေရတာ ကြာင့် ခေါင်းရှုပ်နေတယ် လို့ဆိုပါတယ်။ ဝိုင်းစု အိမ်ထောင်ပြုမယ် ဆိုရင်လည်း ဒီမြန်မာနိုင်ငံမှာ တ ရားဝင်မင်္ဂလာပွဲလုပ်ပြီးမှ နိုင်ငံခြားမှာ လုပ်မယ်လို့စီ စဉ်ထားကြောင်းသိ ရပါတယ်။ ဒီသတင်းနဲ့ ပတ် သက်ပြီးတော့ အန်တီဘာမှကိုမပြောချင် တော့ဘူး။ယုံချင်တဲ့သူယုံပြီး မယုံတဲ့လူကလည်း မယုံပါဘူး။တချို့ကလည်း ညာတယ်လို့ပြောကြ မှာပါပဲ။ဒီသ တင်းမှန်မမှန် ကာယကံရှင်က အသိဆုံးပဲဖြစ်ပါ တယ်။ဒီသတင်း ကြားကြားချင်းက အန်တီမပါဘဲ ဝိုင်းစုဟို မှာ လုပ်လိုက်တယ်ဆိုပြီး ဒေါသထွက်တယ်။ဝိုင်းစုနဲ့အ ဆက် အသွယ်ရတော့ မေကြီးကသိပ်အ ငြင်းသန်တာ ပဲလို့ တောင်ပြောတယ်။ ဝိုင်းစုတို့က ပထမ၂၀၁၃ ထဲမှာ မင်္ဂလာဆောင်ဖို့ရည်ရွယ်ထားပေမယ့် ၂၀၁၃ ကိုမကြိုက်တာကြောင့် ၂၀၁၄မှာလည်းမသေချာသလို ၂၀၁၅ လောက်ကျမှ ဖြစ်နိုင်လိမ့် မယ်၊ မင်္ဂလာပွဲ လုပ်မယ်လို့ရည်ရွယ် ထားကြောင်းသိရပါတယ်။လူတစ်ယောက်ကံက ဘာမှကြိုတင်မပြော နိုင်ဘဲ ဝိုင်းစုကအိမ်ထောင်ပြုပြီးရင် နိုင်ငံခြားမှာသွားရောက်နေထိုင်ဖြစ် မှာဖြစ်တဲ့အတွက် သေချာစွာအလုပ် တွေလည်းစီစဉ်ရဦးမယ်လို့ဆိုပါတယ်။ မင်္ဂလာပွဲလုပ်ဖြစ်ရင် ပရိသတ်ကြီးကို ကြိုတင်အသိပေးပြီးမှ လုပ်မယ်လို့သိရပါတယ်။

By 8 Days
ရိုးရာလေး


ဆက်စပ်သတင်း အား ဤ နေရာတွင်ဖက်ရှုနိုင်သည်
http://www.myanmardailynews.org/2013/02/blog-post_3296.html

No comments:

Post a Comment