28 March, 2013

ဘာသာရေးအကြမ်းဖက် ပျံ့နှံ့မှု အမေရိကန် စိုးရိမ် ..


ပဲခူးတိုင်း အတွင်း မြို့ တချို့မှာ တမြို့ပြီး တမြို့ ဗလီနဲ့ နေအိမ် တွေကို ဖျက်ဆီးမှုတွေ ဆက်လက် ဖြစ်ပွား နေရာမှာ မနေ့ညကတော့ မိုးညိုနဲ့ ပုတီးကုန်းတို့မှာ ဖျက်ဆီးခံခဲ့ကြရ ပါတယ်။


လောလောဆယ်တော့ ပြည်၊ သဲကုန်း၊ မိုးညိုနဲ့ ပုတီးကုန်း တို့မှာ အုပ်ချုပ်ရေး အာဏာပိုင်တွေက ညမထွက်ရ အမိန့် ထုတ်ပြန်ကြောင်း လမ်းမတွေမှာ လှည့်လည် ကြေညာခဲ့ပါတယ်။
ဒီကြားထဲကပဲ မနေ့ည ၇ နာရီက မိုးညိုမြို့မှာ ဖြစ်ခဲ့တဲ့ ဖျက်ဆီးမှု အကြောင်း မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ည ၇ နာရီခွဲလောက်က မိုးညိုမှာ ဗလီကို စဖျက်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေ အနေနဲ့ ဘေးကဘဲ ရပ်ကြည့်နေနိုင်တယ်လို့ ဆိုပါတယ်။
အထဲကနေ မချိမဆန့် အသံတွေ ကြားရသလို လူသံတွေအပြင် ညဖက်ဆိုတော့ မမြင်ရဘဲ ထုခွဲ ရိုက်နှက်သံတွေ ကိုသာ ကြားရတယ်လို့ ပြောပါတယ်။
ဖျက်စီးသူတွေဟာ မီးရှို့တာ မဟုတ်ဘဲ ပုဆိန်တွေ ရဲတင်းတွေနဲ့ ထုခွဲ ဖျက်စီးတာ ၊ ဝိုင်းဖျက်တာ ဖြစ်တယ် လူနေအိမ် အထူးသဖြင့် ကုလားအိမ်တွေကို ဖျက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုသတင်းပေး နေချိန်မှာ သူနေထိုင်တဲ့ ရွှေဥဒေါင်း ရပ်ကွက်မှာ ဆိုရင် သူ့အိမ် အပါအဝင် အိမ် အလုံး ၁၃လုံးလောက် ဖျက်ပြီး သွားပြီလို့ ဒေသခံ တယောက်က ပြောပါတယ်။
ဖျက်သူ အများစုဟာ ဒေသခံတွေ ဖြစ်ပြီး ဘေးလူစိမ်းတွေ သိတ်မပါဘူးလို့လည်း သိရပါတယ်။
ဖျက်စီးသူ ၃၀ ၊ ၄၀ လောက် ရှိတဲ့ အထဲမှာ အဓိက လုပ်သူက ငါးယောက် ခြောက်ယောက် လောက်ဘဲ ရှိတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
မိုးညိုမှာ အရင်ကတည်းက ဗမာ အမျိုးသမီး တယောက်ကို ကုလား တယောက်က စော်ကားတဲ့ ဖြစ်ရပ်တခု ဖြစ်သွားခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ အကွက်ချ စီစဉ်မှု တရပ်လို့ ထင်ပြီး အာဏာပိုင်တွေ ကိုယ်နှိုက်က တားမြစ်မှု မရှိဘူး လို့လည်းပြောပါတယ်။
သေနတ် ပစ်ဖောက်သံ တချို့ ကြားနေရပေမယ့် ဖျက်သူတွေကတော့ လုပ်မြဲတိုင်း လုပ်နေတယ်လို့ သူက ဆိုပါတယ်။
အခု နောက်ဆုံး အချိန် ည ၁၁ နာရီလောက် မှာတော့ အသံတွေ ငြိမ်ကျသွားပြီလို့ မိုးညို ဒေသခံက ရှင်းပြသွားခဲ့ပါတယ်။
တခါ ပုတီးကုန်းက နောက်ဆုံး အခြေ အနေ ကိုလည်း မြို့ခံ တစ်ယောက်ကို ဘီဘီစီက မေးကြည့်တဲ့ အခါ အခုတော့ နည်းနည်း ငြိမ်သွားပြီ ၊ ခြေကုန် လက်ပမ်း ကျသွားတဲ့ သဘောမှာ ရှိတယ် ၊ ကနဦး တုန်းကတော့ လူအယောက် နှစ်ထောင်လောက်က ဗလီကို ဝင်ဖျက်တာ ဖြစ်ပြီး ၊ အတွင်းတံခါးတွေကို ထိုးဖွင့်ဝင်ရောက် ဖျက်စီးတာလို့ သူက ဆိုပါတယ်။
အခုတော့ ဗလီ တခုနဲ့ ဆိုင်လေးဆိုင် ဖျက်ဆီး ခံခဲ့ရတာ ဖြစ်တယ် ၊ ဖျက်စီး သူတွေက ပစ္စည်းမယူ မီးမရှို့ဘဲ အကုန် ရိုက်ခွဲ ပစ်တာ ဖြစ်တယ် ၊ ဖျက်စီးသူ အများစုဟာ ပတ်ဝန်းကျင် ရွာနီးချုပ်စပ်က ဖြစ်ပြီး အရပ်ထဲက လူတွေလည်း ပါတယ်လို့ ပြောပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန် ထားရက်သားနဲ့ ည ၁၁ နာရီ အထိ ဖျက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ကလည်း အရေးယူ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ကျည်ဆန် အစစ်တွေနဲ့ ပစ်တာ မဟုတ်ဘဲ အဲလို ပစ်တဲ့ အခါ သံဃာတော်တွေက ရှေ့က ဝင်တားတာကြောင့် အပစ်ရပ်သွားတယ် ၊ သူ့ရှေ့တင် သုံးလေးယောက်လောက် ထိသွားတာ တွေ့တယ်လို့ ပုတီးကုန်း ဒေသခံက ဘီဘီစီကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ထားကြပြီး သတင်းပို့ချိန် ည၁၁ နာရီ နီးပါး အထိလည်း ဗလီထဲမှာ ဖျက်နေတုန်းဘဲလို့ ဒေသခံက ဆိုသွားခဲ့ပါတယ်။
VOA

No comments:

Post a Comment