06 March, 2013

၉၆၉ နှင့် ပတ်သက်၍ သတိပြုစေချင် ..


၉၆၉ Mover ညီနောင်တွေ ကို အကြံကောင်းပေးချင်လို့ပါ။အခု online မှာ တစ်ချို့လူတွေ က ၉၆၉ တံဆိပ် ကို သုံးသပ်ပြနေတာမြင်မိလို့ပါ။ ၉၆၉ တံဆိပ်မှာ သုံးထားတဲ့ Ashoka Pillar က အိန္ဒိယ နိုင်ငံရဲ့ တံဆိပ်ဖြစ်        နေတယ်။ အဲဒါလေး ပြင်သင့်တယ်ထင်လို့ပါ။ သူများနိုင်ငံ၊ ပြီးတော့ ကုလားနိုင်ငံ တံဆိပ် ကြီးဖြစ်နေတော့ မသင့်တော်ဘူးလားလို့ပါ။ Dhammacakka  တံဆိပ်တော်တစ်မျိုးထဲ နဲ့ဆိုကောင်းမယ် ထင် တယ်ဗျာ။ 


အိန္ဒိယ ကုလားတွေသိသွားရင် ပြဿနာရှာနေမှာစိုးလို့ပါဗျာ။ ဆိုပြီး Ye Yint Thitsar မှ စေ တနာ ဖြင့် သတိပေးထားသည်ကို ဖတ်လိုက်ရသည်။
ထိုအတွက် ၉၆၉ ကို ရှာဖတ်ကြည့်ရာ နေမင်းသူ(သထုံသားလေး) စာမျက်နှာတွင် ၉၆၉ နှင့် ပတ်သက်၍ သေချာစွာ ရှင်းလင်းထားသည်ကိုလည်း အောက်ပါအတိုင်း တွေ့လိုက်ရသည်။

(၉၆၉) ရဲ အဓိပါယ်ဖွင့်ဆိုချက် = + =
* ဗုဒ္ဓဘာသာဝင် တိုင်းမှာ
"၉၆၉" ကိုသုံးကြပါ။
* ဘာသာသသင်္ကေတ
" ၉၆၉ " လို့ ဆိုမှတ်ကြ
* "၉" တစ်လုံးရဲ့ အဓိပ္ပာယ်ဟာ
ဗုဒ္ဓဂုဏ်တော် ရည်ရွှယ်ကာ။
* " ၆" ဆို တရားရင်ဝယ်ပွား
ဓမ္မဂုဏ်မို့  မှတ်လို့ ထား။
* နောက် " ၉" တစ်လုံးမှတ်သညာ
သံဃာ့ဂုဏ် လို့  မှတ်ကြပါ။
* သုံး လုံးကို ပေါင်းလို့ ပွား
" ၂၄" ပါး ပဌာန်းတရား။
* နောက်ခံ " ခြောက် " ပါး အလံတော်ရောင်
အပွင့်ဂုဏ်ကိုဆောင်
* အသောကမောင် မှတ်တံဆိပ်
ဆင် , မြင်း , နွားနှင့် ခြင်္သေ့စိတ်
အားလုံးကိုယ်စီ ခပ်လိုနှိပ်။
* တို့ ဘာသာရဲ့ အမှတ်သားကို
လူတိုင်းကိုယ်စီရှိစေလို။
* မေ့ မယ်ဆို သတိထား
တို့ ဘာသာ အားယုတ်လျော့သွား ။
 (အဘိဓမ္မာတောင်သာ ဆေးပညာ)
*****************************************************
မည်သို့ပင် ဖြစ်စေ။ အကောင်းဆုံးကို လုပ်လိုလျှင် အကောင်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်နိုင် ပါက အကောင်းတကာ့ အကောင်းဆုံး ဖြစ်မည် ဟုသာ။

No comments:

Post a Comment