29 April, 2013

ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ် ..


4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

တကယ့် အဖြစ်ပျက်လေးပါ ..


ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။
အပျက်အစီးတွေကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ကိုကိုင်းနေတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။

25 April, 2013

လက်ပံတောင်းဒေသခံနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား ..

DVB

၂၅.၄.၂၀၁၃၊ ကြာသပတေးနေ့
မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်တဲ့ လက်ပန်းတောင်းဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ဒီကနေ့နေ့လည်က ပဋိပက္ခဖြစ်ပွားတာကြောင့် လူသုံးဦးအဖမ်းခံရပြီး၊ တစ်ဦးက သေနတ်ကျည်ထိမှန်ခဲ့ကာ ဒေသခံ ၁ဝ ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မိတ္ထီလာ အဓိကရုဏ်းအတွင်း သံဃာတော်တပါး ပျံလွန်တော် မူခဲ့ရမှုအတွက် ရုံးတင် စစ်ဆေး ...


24 April, 2013

အင်းလေးကန်တွင် ရေခန်းခြောက်နေ..


ရှမ်းပြည်နယ်အင်းလေးကန်တွင်၂၀၁၀ပြည့်နှစ်ကစံချိန်တင် ရေခန်းခြောက်ဖြစ်စဉ်နီးပါး ရေခန်းခြောက်မှု   ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသရှိဒေခံများမှ သိရသည်။ “အင်းလေးကန်ဟာ အနိမ့်ဆုံး စိုးရိမ်ရေမှတ်ရဲ့(အနှုတ်၁ဒဿမ ၄ပေ)အောက်ကို ရောက်ရှိနေပါတယ်။
(ဖောင်တော်ဦးစေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ 

ရန်ကုန်မြိ့တွင် မြို့နယ် အချို့၌ ဓာတ်အား ပြတ်တောက်မည် ..


ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ရွှေလီလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ဓာတ်အား ထုတ်လုပ်မှု (၁၄၀)မဂ္ဂါဝပ် ဓာတ်အား စနစ်အတွင်း လျော့နည်း သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များ၏ ရပ်ကွက် အချို့တွင် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ၁၅း၀၀ နာရီမှ ၁၇း၀၀ နာရီအတွင်း အများ ပြည်သူများ တစ်ကြိမ်လျှင် တစ်နာရီခန့် ဓာတ်အား ပြတ်တောက်မှု ရှိနိုင်မည် ဖြစ်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သတင်း ရရှိသည်။

မြ၀တီ

ပြည်မြို့တွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်က လူသတ်ပစ္စည်းလု ..


၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတားအောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ လုယက်မှုဖြစ်ပွားခဲ့ပါတယ်။ ကောင်လေးကတော့ လည်ပင်းကို လိမ်ချိုးခံထားရပြီး ရေထဲသို့ ပြုတ်ကျနေပါတယ်။ ကောင်မလေးသည် ကြောက်လန့်အော်ဟစ်သဖြင့် အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများကရောက်ရှိလာသဖြင့်စစ်သားသုံးယောက်ထွက်ပြေးသွား ကြပါတယ်။ ရဲစခန်းသို့အကူအညီတောင်းရာ အမှတ်(၂) စခန်းမှ တာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့် ရဲများရောက်ရှိလာပြီး တရားခံကို လိုက်လံရှာဖွေကြပါတယ်။

ရန်ကုန်ဒလ ကူးတို့ခ နှစ်ဆတက် ..


Wednesday, April 24, 2013
ဒလ-ရန်ကုန် ကူးနေတဲ့ သင်္ဘောစီးခရီးသည်တွေ စိတ်ညစ်ရမယ့် သတင်းတခု ရှိနေပါတယ်။ အဲဒါကတော့ လာမယ့် တနင်္ဂနွေနေ့ကစပြီး သင်္ဘောစီးခ နှစ်ဆ တက်တော့မယ် ဆိုတာပါပဲ။
ဈေးနှုန်းအပြောင်းအလဲ ကြေညာချက်ကို သင်္ဘောဆိပ်မှာကပ်ထားတာ တွေ့ရပါတယ်။
ဝန်ဆောင်မှုညံ့ဖျင်းတယ်လို့ ခရီးသွားပြည်သူတွေကြားမှာ ကျော်ကြားတဲ့ ဒလ-ရန်ကုန် ကူးတို့ သင်္ဘောကို တခါတရံမှ စီးသူတွေအတွက်တော့ အခုလို ဈေးနှုန်းအပြောင်းအလဲက ဂရုစိုက်စရာ မဟုတ်ပါဘူး။
သို့သော်လည်း နေ့တိုင်း စီးနေ ကူးနေသူများအတွက်တော့ ခရီးသွား ကုန်ကျစရိတ် နှစ်ဆ တက်သွားတာကို ဂရုစိုက်စရာပါ။
“အရင် ၁ဝ ကနေ ၅ဝ ကို ပြောင်းတုန်းကတော့ နိုင်ငံတော်က လောင်စာဆီဈေးနူန်း တွေမြှင့်တက်လာ ပေမယ့် လူစီးခနူန်းတွေကို မတိုးဘဲ
အရှုံးခံပြေး ဆွဲခဲ့ တယ်လို့ပြောတာ မှတ်မိတယ်။
နောက်မှ ၅၀ တိုးပြီး သတ် မှတ်လိုက်တာဖြစ်တယ် ဆိုတဲ့အကြောင်းကို လူကြားကောင်းအောင်ကြေညာပြီးဈေးနူန်းပြောင်းလိုက်တာကိုမှတ်မိတယ်ဗျ” လို့ ရန်ကုန်-ဒလ ကူးတို့ သင်္ဘောစီးသူ ကိုနိုင်ထူးကဆိုပါတယ်။ 
သူက “အခုလည်း ဘယ်လို အရှုံးခံထားရတာကြောင့်ဆိုတာမျိုး ပြောဦးမယ် မသိဘူး၊ မြန်မာပြည်မှာ လူတွေဆီကငွေကိုပဲ တိုးတောင်းနေပြီး ၀န်ဆောင်မှုကတော့ တော်တော်ညံ့တဲ့ နေရာတွေချည်းပဲ။ ဒီသင်္ဘောတွေက အတော်လေးစုတ်နေပြီ၊ ဆေးတောင် မတတ်သာလို့သုတ်နေကြတဲ့ပုံပဲ၊
သင်္ဘောပေါ်မှာလည်း အမြဲတမ်း အမှိုက်တွေနဲ့ပြည့်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
သူက သင်္ဘောဝန်ထမ်းများနဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိနေပါသေးတယ်။
“သင်္ဘောပေါ်မှာ ဈေးမရောင်းရဆိုတဲ့စာတန်းတွေကို တွေ့ရပေမယ့် ၀န်ထမ်းတွေက ပိုက်ဆံကောက်ပြီး အောက်ဆိုဒ်ရှာတဲ့သဘောနဲ့ ဈေးသည်တွေကိုခွင့်ပြုထားတာကိုလည်း အမြဲတွေ့နေရာတယ်။
အောက် ခြေ၀န်ထမ်းတွေကဒီလိုနည်းနဲ့ ပိုက်ဆံရှာနေကြတယ်။ နောက်ပြီး လက်မှတ်ကိုမပေးဘဲ လူတွေဆီက ပိုက်ဆံတွေယူခဲ့ကြတဲ့နှစ်တွေကလည်း မနည်းဘူးဗျ၊
လူတွေကလည်း၅၀ဆိုတဲ့ငွေနဲ့စကားမများချင်တာနဲ့လတ်မှတ်တောင်းတာမျိုးကို မလုပ်ကြဘူး။
ကျွန်တော်ဆို အရင်က သင်္ဘောစီးတိုင်း လက်မှတ်မရဘူး၊ အခုနောက်ပိုင်းသူတို့ လတ်မှတ် မပေးရင်တောင်းတယ်” လို့ သူက ဆိုပါတယ်။ 
ဈေးအပြောင်းအလဲကြောင့် လူငယ်အလုပ်သမားတစ်ဦးက စိတ်မသက်မသာ ဖြစ်နေပါတယ် - 
“ကျွန်တော်တို့က ရန်ကုန်မှာ နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်သွားလုပ်ကြတာနေတိုင်း ဒလ နဲ့ ရန်ကုန်ကို အသွား အပြန် လုပ်နေရတာ။
အခု ဈေးနူန်းတွေတက်တော့မယ်ဆိုတော့ စိတ်ညစ်သွားတယ် ဗျ၊
ရတဲ့ပိုက်ဆံနဲ့က တစ်နေ့တစ်နေ့ မလောက်တဲ့ကြားထဲမှာဗျာ…တစ်လ ကို ငါးထောင်ကျော်၊ ခြောက်ထောင်လောက်ကုန်မှာ ဗျ”
လို့ လူငယ်အလုပ်သမားတစ်ဦးက ဈေးနူန်းတက်တဲ့အပေါ်မှာ သူ့ရဲ့ အဆင်မပြေမှုကိုပြောပါတယ်။
ဈေးနူန်းတက်ရတဲ့အတွက် သက်ဆိုင်ရာတို့ဆီမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေတော့ ရှိမှာ အသေအချာပါပဲ။


ရွက်စိမ်း 
ဧရာဝတီ

စော်ဘွားကြီးကုန်းဝင်း အတွင်းလေအိုး ပေါက်ကွဲမှု့ဖြစ် လူ ( ၃ ) ဦးသေ


ရန်ကုန်မြို့ အရင် စော်ဘွားကြီး ကုန်း ကားဝင်းထဲက အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့ နေ့ လည် ၂ နာရီ ခွဲ လောက်မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။ ငွေလမင်း သံပစ္စည်းဆိုင်မှာ ဂဟေဆော်တဲ့ လေအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပီး ကလေး ၁ ယောက် လူကြီး ၂ ယောက် အပါအ၀င် ၃ ဦးသေဆုံး ပြီး ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရရှိသူတွေကို အင်းစိန် ဆေးရုံကို ပို့ဆောင် ကုသပေးနေကြောင်း သတင်းရရှိပါတယ်။
(ရိုက်ကူး - အောင်စိုးထိုက်)

မိုးကုတ် သစ်စိမ့်ကနုးရွာမှ ကြေးဆင်းတုတော်တွင် မွှေးညှင်းတော် ၃၂ ပင်ပေါက်ခဲ့ (ဓာတ်ပုံ)



မိုးကုတ် သစ်စိမ့်ကုန်းရွာမှ  ကြေးဆင်းတုတော် တစ်ဆူရဲ့  မျက်နှာတော်ကနေ ပုံပါအတိုင်း. မွှေးညှင်းေ တာ် ၃၂ ပင်ပေါက်ခဲ့ပါတယ်။ ဆွဲနှုတ်ကြည့်တော့ အမွှေးပါမလာဘဲ ထိပ်က အဖြူသီးလေးတွေသာ ပါလာကြောင်း သိရသည်ဟ“ု ဆိုပါသည်။
 Linn H Oo