31 December, 2012

ပြည်ပရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ ထိုးစစ်အား ကန့်ကွက် ဆန္ဒထုတ်ဖော်...


ဂျပန်နိုင်ငံရောက် ကချင်အမျိုးသားများတို့သည် မြန်မာအစိုးရ၏ ကချင်လူမျိုးများအပေါ် လူမျိုးသုန်း ထိုးစစ်ဆင်နေမှုအား ဂျပန်ပြည်သူများ သိရှိစေရန် ကန့်ကွက် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ကန်ကွက်ခဲ့ကြပါသည်။
 ----
အမေရိကန်ရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ 

ထိုးစစ်အား ကန့်ကွက် ဆန္ဒထုတ်ဖော်...


                                                         အမေရိကန်၊၀ါရှင်တန်မြန်မာ သံရုံးရှေ့

မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာချေ ...


ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် မြန်မာ့လေတပ် ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင် ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုး တလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။

နေ့လည် (၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက်ဆင်ရုပ်ကို လေထဲ ပျံဝဲ နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းဖြစ်ပျက်မှုနှင့် ပတ်သက်၍ မြန်မာ့လေတပ် မိသားစု အသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင် ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် တစ်ခုလုံးကို မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး အောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

Lachid Kachin

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့် ဖြစ်ရပ်အပေါ် မြန်မာ နိုင်ငံသားများ မှ ကျေနပ်မှုမရှိ ..


နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏ မုန်းတီးစိတ်ကို ပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော် အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသား တစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လ...ွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူး ကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် အမြတ်တနိုး ထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။
ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့    အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။
ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။
myanmar online news