31 December, 2012

မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာချေ ...


ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် မြန်မာ့လေတပ် ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင် ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုး တလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။

နေ့လည် (၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက်ဆင်ရုပ်ကို လေထဲ ပျံဝဲ နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းဖြစ်ပျက်မှုနှင့် ပတ်သက်၍ မြန်မာ့လေတပ် မိသားစု အသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင် ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် တစ်ခုလုံးကို မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး အောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

Lachid Kachin

No comments:

Post a Comment