28 February, 2013

မူးယစ်ရာဇာနော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မည် ...


ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်...ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

မအူပင် ပဋိပက္ခဖြစ်စဉ် .... ပြည်သူ့ ရဲ တွေရဲ့ သူရ သတ္တိ ( အပိုင်း ၁ - ၂ )

အပိုင်း - ၁


ဘုရားဆင်းတုတော်မှ ရောင်ခြည်တော်ကွန့်မြူးတော်မူပုံ ...

အင်းတကော် ရွှေဥမင် ရိပ်သာကျောင်းတွင် စံပယ်ကိန်းဝပ်တော်မူသော ဘုရားဆင်းတုတော်မှ ရောင်ြ ခည်ေ တာ် ကွန့်မြူးတော်မူပုံ..



ကိုရီးယား မင်းသမီး ဂျောင်ဆိုယောင်း မြန်မာဝတ်စုံ သရုပ်ပြ၀တ်ဆင် ..


မြန်မာမိန်းကလေးတွေက ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ပြီး ဒူးပေါ်၊ပေါင်ပေါ် ၀တ်စားဆင်ယင်မှုတွေ အတုခိုး၊ ကိုရီးယားနိုင်ငံက ရာသီဥတုအခြေအနေအရ ဆိုဂျူအရက်သောက်တာကို တလွဲဆပင်ကောင်းပြီး အရက်လိုက်သောက်နေတဲ့အချိန်မှာ ဂျောင်ဆိုယောင်းက မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံ မင်မင် မြတ်မြတ်နိုးနိုး ရှိတယ်လို့ ဆိုခဲ့ပါတယ်။
ဆင်းရနံ့
ကြေးမုံ သတင်းစာ

အဓိကရိုဏ်းဖြစ်ရန် နှိုးဆော်နေမှု သတိပြုမိစေရန် ..


ဆွမ်းလောင်းအသင်းအား အကြောင်းပြကာ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ဖန်တီးနေသော လူ တစ်စုရဲ့ လုပ်ရပ်များ ကို တင်ပြလိုပါတယ်။ 

မအူပင် ပဋိပက္ခကို စတုတ္ထမဏ္ဍိုင် များ၏ ပုံဖော်ရေးသား ချက်များ ...


7 Day News ဂျာနယ်
---------------------
လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့် ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထား စဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက် စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။လယ်ယာမြေများ အနီးစုဝေး နေသော ဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် သတိပေးပြီးေ နာက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာ သဖြင့် ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိ သူ များ က ပြောကြားသည်။
သတင်းဖော်ပြချက်တွင် အန်အယ်လ်ဒီ၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူးတို့ကို မေးမြန်းခြင်းတို့ ပါဝင်သည်။

သေဆုံးခဲ့သည့် ရဲတပ်သား ရဲကျော်သူ၏ ဖြစ်စဉ်အား လူသတ်မှုဖြင့် အမှုဖွင့်မည်ဟု ဒုတိုင်းရဲမှူးကြီးပြော …


မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ်သား ရဲကျော်သူ ၏ဖြစ်စဉ်အပေါ် ကျူးလွန်သူအား လူသတ်မှုဖြင့် အမှုဖွင့် အေ ရး ယူဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး ဒုတိုင်းရဲမှုးကြီးက ပြောသည်။

ဆရာတော် များ မအူပင်သို့ စတင်ရောက်ရှိပါပြီ ...


ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၀င်များနှင့် ဒေသခံများ အကြား ရုန်း ရင်း ဆန်ခတ်မှု များဖြစ်ပေါ်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ သို့ရွှေည၀ါဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေးဆရာတော် ရှင်ပါမောက္ခ တို့ ယနေ့ညေ ဒသစံတော်ချိန် ၇း၂၀နာရီခန့် တွင်ရောက်ရှိ လာပြီးကျေးရွာ လူထုကိုတွေ့ဆုံ အားပေး စကားမြွက်ကြား ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်း ယူနေသော The Messenger အကြီး တန်း သတင်းသမား တစ်ဦးက သတင်းပေးပို့သည်။ 

27 February, 2013

သစ်တန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီးနှင့် တရုတ်နိုင်ငံသား ၄ ဦးအား ဖမ်းဆီး ...


ကချင်ပြည်နယ် ၊ ဆင်ဘိုမြို့နယ်ခွဲ အတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရားမ၀င် သစ်ခိုးထုတ် နေသည့် တ ရုတ် နိုင်ငံသား ၄ ဦးအား သစ်လုံးတန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီး ၊ ဆိုင်ကယ် ၃ စီးနှင့် အတူ ဖမ်း ဆီး ရမိ ခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း အကြံပြု...


ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်မည့် ဧရာဝဏ် စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံ ကိန်း များကို ၀င်ငွေနည်းပြည်သူများ အမှန်တကယ်ဝ ယ်ယူနိုင်သည့် အိမ်ရာများဖြစ်အောင် စီမံကိန်း ပြန် လည် ရေး ဆွဲသင့်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဦးရဲထွန်းမှ ဆွေးနွေး အဆိုပြု ခဲ့ သည်။

Eleven Media Group မှ ကျန်မီဒီယာများကို စည်းရုံးလှုံ့ဆော်၍ အင်တာနက်တွင် ကန့်ကွက်ဆန္ဒပြ...


၁။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည့် ပြန်ကြားရေး ၀န်ကြီး ဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား Eleven Media Group မှ ပြင်း ထန် စွာ ကန့်ကွက်ပါသည်။

မအူပင် အကြမ်းဖက် ဖြိုခွဲသည့် ကိစ္စရပ်အား လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း ပြောဆို..


မုံရွာ၊ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူမြို့နယ်၊ ပလောင်ကျေးရွာတွင် လယ်ယာမြေအငြင်ပွားသည့်ကိစ္စရပ်အား သေနတ်ဖြင့် ပစ်ခတ် ၍ ဖြိုခွဲခဲ့သည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသခံပြည်သူများမှ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ပြောကြားပါတယ်..။

နော်ဝေ ရောက် သမ္မတဦးသိန်းစိန်နဲ့ ဆန္ဒပြသူတွေ ဟော်တယ်ရှေ့မှာထိတ်တိုက် တိုးကြတယ်.( အပိုင်း- ၁ ၊ ၂ )

ခတ္တ နော်ဝေ ရောက် သမ္မတ သိန်းစိန် အား တည်းခို သော ဟော်တည် ရှေ့ တွေ လုံခြုံ ရေး များတင်းကြပ်စွာ ချထား သော်လည်း နော်ဝေရောက် ကချင် တိုင်းရင်းသား များ နှင့် ဆန္ဒပြ ဖော် ထုတ်သူ တို့ ၏ ပေါက်ကွဲ ဆန္ဒဖော်ထုတ် ပွဲ အပိုင်း - ၁ - ၂ ။



မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု ၊ ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့များ...

..ခါးမိ - ခါးရိုက် .... ဂေါင်းမိ -ဂေါင်းရိုက်... ခြေထောက်မိ - ခြေထောက်ရိုက်....

မလက်တိုကျေးရွာတွင် သေနတ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦးကျည်ဆံထိမှန် ...

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား သိမ်းယူခံခဲ့ရသော လယ်မြေများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးရရှိသော သတင်းများအရ သိရှိရသည်။


26 February, 2013

နေပြည်တော် ကန့်သန့်နယ်မြေအတွင်း ရွှေကြောများရှိ ...


ဒီသတင်းတွေက ကြာတော့ကြာခဲ့ပါပြီ။ တကယ်လည်း ရှိခဲ့ပြီး လူတော်တော်များများလည်း ကံကောင်းခဲ့ကြ တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကတော့ သတ္တုတွင်း ၀န်ကြီးက ၀န်ခံထားတဲ့ သတင်းပါ။
ကန့်သတ်နယ်မြေ ဆိုတော့လဲ ကန့်သတ်နယ်မြေပေါ့။

မာစီဒီး ကျည်ကာကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ်...


လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအ၀င် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ ...


ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ
မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

25 February, 2013

ဖိလစ်ပိုင်ကဲ့သို့ စင်္ကာပူကို အိမ်အကူ တရားဝင်လွှတ်ဖို့ မြန်မာအစိုးရပြင်ဆင် ..


စင်္ကာပူနိုင်ငံကို မြန်မာနိုင်ငံက အိမ်ဖော်လုပ်သားတွေကို အစိုးရနဲ့ ပုဂလိကကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး စေ လွှတ် ဖို့ ပြင်ဆင်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ပြောဆိုလိုက် ပါ တယ်။ သတင်းအပြည့်အစုံ ကိုတော့ ကမာရွတ် မီဒီယာက တင်ဆက်တဲ့ ဗွီဒီယိုဖိုင်မှာ ကြည့်ပါ.။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော ..


၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်း ချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

တောင်ကိုရီယားသမ္မတသစ် အာဏာလွှဲပြောင်းယူ...

Monday, February 25, 2013

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရဲ့ တာဝန်စတင်မှုကို ကြေညာတဲ့ ခေါင်းလောင်းထိုးပွဲ  အခမ်းအနားကို ညသန်းခေါင်ချိန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုးလ်မြို့လယ်က ဧရာမ ရှေးဟောင်း ခေါင်းလောင်းကြီးရှိတဲ့ ဖိုရှင်ဂန် (Bosingak) အဆောက်အဦးမှာ သမ္မတသစ် ဘက်ဂွန်ဟေး (Park Guen-hye) က တာဝန် လွှဲပြောင်းယူတဲ့ အထိန်းအမှတ် ခေါင်းလောင်းထိုးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် အတု လုပ်သူ( ရန်ကုန်က ရဲဝန်ထမ်းဟောင်း )ကိုဖမ်းမိ ..


အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် အတု လုပ်ပေးနေ တဲ့အဖွဲ့က ဦးအောင်ကိုလတ် ( ရန်ကုန်က ရဲဝန်ထမ်းဟောင်း ) တဦးကို ဒီကနေ့ဘဲ သူငှါးရမ်းနေထိုင်ရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် ထိုင်းမြန်မာချစ်ကြည်ရေးတံတားလမ်းကြားထဲက တိုက်ခန်းမှာ သွားရောက်ဖမ်းမိခဲ့ တယ်လို့ မဲဆောက်မြို့နယ် လ၀က ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ် က ပြောပါတယ်။



ဦးဇင်းဝီရသူလဲ ဆုတံဆိပ် တစ်ခုရပြီ ...


ဆရာတော်ဝီရသူရရှိတဲ့ Freedom of Religion ဆု ဆက်ကပ်ချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ပိုင်းက မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်းမှာ ကျင်းပပါတယ်။ အင်္ဂလန်နိုင်ငံ The NOX & Nan Amara Music Group က ပေးအပ်ချီးမြှင့်တာဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနရံ သီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရက ကိုယ်တိုင် ဆုတံဆိပ်ကို ဆက်ကပ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ဒီ Freedom of Religion ဆုရရှိကြောင်း ၂၀၁၀ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ကြေငြာခဲ့တာဖြစ်ပြီး ယခုမှသာ ဆုတံ ဆိပ် ကို ချီးမြှင့်တာ ဖြစ်ပါတယ်။
(သတင်းဓာတ်ပုံ - ချစ်ကို)
DVB TV news
တရားကျစရာ လောကကြီးပါပေ...