27 February, 2013

သစ်တန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီးနှင့် တရုတ်နိုင်ငံသား ၄ ဦးအား ဖမ်းဆီး ...


ကချင်ပြည်နယ် ၊ ဆင်ဘိုမြို့နယ်ခွဲ အတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရားမ၀င် သစ်ခိုးထုတ် နေသည့် တ ရုတ် နိုင်ငံသား ၄ ဦးအား သစ်လုံးတန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီး ၊ ဆိုင်ကယ် ၃ စီးနှင့် အတူ ဖမ်း ဆီး ရမိ ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဆင်ဘို မြို့နယ်ခွဲ ၊ ၀ဲကြီး ကျေးရွာ အနီး တရား မ၀င် သစ်ခိုးထုတ်လုပ် နေကြောင်း သတင်းအရ မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး လှရီ နှင့် ရဲတပ်ဖွဲ့ ၀င်များ က နယ်မြေခံ တပ်မတော် စစ်ကြောင်း နှင့် ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်း ဆောင် ရွက်ရာ ၀ဲကြီး ကျေးရွာ အောက်ဘက် ၃ မိုင်ခန့် ဧရာဝတီ မြစ်ကမ်းမှ အတွင်းဘက် ၁ မိုင်ခန့် အကွာတွင် ချွမ်ဂုဝမ် ၊ ဆန်ကျုံရှန် နှင့် ချိန်ကွမ်ရှမ်း ဆိုသည့် တရုတ် နိုင်ငံသား ၃ ဦးနှင့် အတူ ပီကင်းဂျစ် ၁ စီး ၊ သစ်တင် ယာဉ် ၇ စီး ၊ ၁၀ ဘီးယာဉ် ၂ စီး ၊ XG-951 ဒိုဇာ အ၀ါရောင် ၁ စီး ၊ Yinxaing 125 ဆိုင်ကယ် ၃ စီး ၊ အရှည် ၉ ပေ သစ်လုံး အရွယ်စုံ ၁၅၆၀ လုံး ( တန်ချိန် ၈၀၀ ) အား ရှာဖွေ သိမ်းဆည်း ရမိပြီး ည ၁၀ နာရီခွဲ ခန့်တွင် ကျန်လျှိုဝမ် ဆိုသူ တရုတ် နိုင်ငံသား တစ်ဦး ကိုပါ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ တရားမ၀င် ၀င်ရောက် သစ်ခိုးထုတ်သူ များဖြစ်သည့် ချွမ်ဂုဝမ် (၄၁)နှစ် ၊ ဆန်ကျုံ ရှန် (၃၀)နှစ်၊ ကျန်လှိုဝမ် (၄၀)နှစ် နှင့် ချိန်ကွမ်ရှန်း (၄၀)နှစ် ယူနန်ပြည်နယ် နေထိုင်သူ ၄ ဦးအား မြစ်ကြီးနားမြို့ အမှတ်(၁) ရဲတပ်ဖွဲ့ စခန်း၌ ဥပဒေအရ ဆက်လက် အရေးယူ နိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။

Myawady News

No comments:

Post a Comment