12 November, 2012

အခွန်နှင့် (CIF) တန်ဘိုးများ လျှော့တော့မည် ..


၂၀၁၃ခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ယာဉ်အို/ယာဉ်ဟောင်း အပ်နှံအစားထိုး မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သောမော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ်နှင့်အထက်ထုတ်လုပ်သော1350CCနှင့်အောက် လူစီးမော်တော်ယာဉ်ငယ်များကို ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ ကာကွယ်ရေး
ဝန်ကြီးဌာနမှစစ်သံ ဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်
များ၊ပြည်ပတွင်သွားရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများ
အတွက် လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်းနိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ လူစီး
မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက်
လူစီးမော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ် အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကို ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယာဉ်များတင်သွင်းခွင့်လျှောက်ထားရာတွင်ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxiယာဉ် များအတွက် ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လျှောက်ထားတင်သွင်းခွင့် ပြုသွား မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး
ကော်မတီမှ ထုတ်ပြန် ကြေညာထားပါသည်။

No comments:

Post a Comment