13 November, 2012

သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ သတင်းစာပါ ကြေညာချက် ကို..ပြန်လည်ရုတ်သိမ်းပေးရန် သတိပေးကြေညာခြင်း ..


  သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းကြီးခဲ့တဲ့ သတင်းစာပါ ကြေညာချက် ကို...
ပြန်လည်ရုတ်သိမ်းပေးရန် သတိပေးကြေညာခြင်း
ဦးညီညီထွန်း သည် စင်ကာပူ တွင် ဇနီးရှိနေပါလျက် လူပျို လူလွတ်ဟု လိမ်ညာလှည့်ဖြားပြောဆိုမှု အပေါ် ဒေါ်အေးအေးခိုင် က ယုံကြည်ပြီး လက်ထပ်ခဲ့ပါသည်...။ လက်ထပ်ပြီး တစ်ပတ်အကြာတွင် ပင် ဦးညီညီထွန်း၌ အိမ်ထောင်ရှိကြီး ရှိကြောင်းသိရှိခဲ့ရသည့် အတွက် စကားများကြပြီးနောက် ဆက်လက်မပေါင်းသင်း နိုင်ကြောင်း ကွာရှင်းမည်ဖြစ်ကြောင်း ပြေဆိုမှုအပေါ် ဦးညီညီထွန်းကိုယ်တိုင် လင်ခန်းမယာခန်း ပြတ်ဆဲကြောင်း သဘောတူပြီး စင်ကာပူနိုင်ငံသို့ ထွက်ခွါသွားခြင်းဖြစ်သည်..။ လင်ခန်းမယားခန်းပြတ်ဆဲပြီးနောက်မှ မိမိအနုပညာလုပ်ငန်းမှ ရရှိသောငွေဖြင့် ၀ယ်ယူထားသော အိမ်ဖြစ်ကြောင်း...။ ဦးညီညီထွန်း ၀ယ်ယူပေးထားသော အိမ်မဟုတ်ကြောင်း... နဲ့ တစ်ပတ်အတွင်း ကြေညာချက်အား ပြန်လည်ရုတ်သိမ်းပေးရန် နှင့် နောက်နောင် ဂုဏ်သိက္ခာထိခိုက်စေရန် ရည်ရွယ်၍ ကြေညာခြင်း မပြုလုပ်ရန် သတိပေး ကြေညာအပ်ပါသည်...။

1 comment:

  1. ဝင်ဒါမီယာထဲကမြေကွက်တစ်ကွက်ရဲ့တန်ဖိုးက သိန်းပေါင်းသောင်းချီတန်ပါတယ်။
    ဒီလိုမြေကွက်ကို အနုပညာလုပ်ငန်းကရတဲ့ဝင်ငွေနဲ့ဝယ်ယူတယ်ဆိုတော့
    ဒီခြံကိုမဝယ်ခင် မိုးဟေကိုအနေနဲ့
    ရုပ်ရှင်ကားဘယ်နဲ့ကားနဲ့ ဗီဒီယိုဘယ်နှစ်ကားရိုက်ခဲ့ပါသလဲ။
    တစ်ကားကို ဘယ်လောက်ရလို့ တစ်နှစ်ကို ဝင်ငွေဘယ်လောက်ရှိပါသလဲ။
    ဒီလိုဝင်တဲ့ဝင်ငွေတွေအတွက်
    အနုပညာလုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့်အချိန်ကစပြီး အခုချိန်ထိ
    နိုင်ငံတော်အား အခွန်မည်မျှထမ်းဆောင်ပြီးပြီလဲ။

    ReplyDelete