12 November, 2012

မြေငလျင်နောက်ဆက်တွဲသတင်းများ နှင့် ပျက်စီးဆုံးရှူံး မှု့ပုံများ ... ..

ရွှေဘိုမြို့တွင် ငလျင်ထပ်လှုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရွှေဘိုမြို့၌ ယနေ့ ၅နာရီ ၂၅ မိနစ်တွင် ၈စက္ကန့်ခန့် ငလျင် ထပ်မံလှုပ် သွားကြောင်း ယင်းမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။  The Voice Weekly
 "မန္တလေးသားအချို့  ငလျင်အန္တရာယ်စိုးရွံ့ ၊ တိမ်းရှောင်"

ယနေ့ (၁၁.၁၁.၂၀၁၂) နံနက်က ၆.၈ ပြင်းအားရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယနေ့ညနေ ၅ နာရီ ခွဲခန့်ကလည်း နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားသောကြောင့် မန္တလေးမြို့ ခံအချို့ သည် ငလျင်ဒဏ်အန္တရာယ်ကြောက်ရွံ့  သဖြင့် နန်းတော်ပတ်လည် ကျုံးဘေးရှိ ကတ္တရာလမ်းလယ်ကျွန်းရှိရာသို့ ငလျင်ဒဏ်ရှောင်တိမ်းရန် ဖျာကိုယ်စီနှင့် ရောက်ရှိနေကြကြောင်း ငလျင်သတင်းလိုက်လံရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့ထားသည်။
တိုက်တာများတွင် နေထိုင်ကြသူများလည်း တိုက်ရှေ့ တွင် ထိုင်ခုံကိုယ်စီနှင့် ငလျင်ဒဏ်ရှောင်ရန် ထွက်ထိုင်နေကြကြောင်းလည်း သိရသည်။ 
CJMyanmar
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၈)-

စဥ့်ကူးမြို့နယ်တွင် ဘုန်းကြီးကျောင်း(၈)ကျောင်း အိမ်(၁၅)လုံး ပြည်ခိုင်ဖြိုးရုံး မြို့နယ်ရဲစခန်းတို့၏ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့သည်။ ပြိုကျပျက်စီးမှုကြောင့် လူ (၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိသည်။ သေဆုံးသူမှာ အူလယ်ရွာမှ အဘဦးရှိန်သား အသက်(၂၅)နှစ်အရွယ်
ကျော်ခိုင်စိုးဖြစ်ပြီး ရွှေတွင်းတွင် မြေပိသေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာန သတင်းရရှိသည်။     7Day News Journal

  
ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။  
The Voice Weekly
 
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များ ဖြစ်ကြသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန် တို့နှင့်အတူ ယနေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ မန္တလေးမြို့သို့ (၄) နာရီမိနစ် (၂၀) တွင် ရောက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အဖွဲ့ဝင်များနှင့် အတူရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ သပိတ်ကျင်းမြို့သို့ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင်စခန်း မြောက်ဘက် (၈၂) မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာတို့ကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒဿမ ၈) နှင့် (၅ ဒဿမ ၀) အဆင့်ရှိ (၃) ကြိမ် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အအုံ များနှင့် လူနေအိမ်များအား လည်းကောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိကြသည့် ဒေသခံ ပြည်သူများအား ဆေးဝါးကုသပေးနေမှု အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး အားပေးစကား ပြောကြားသည်။
ဒုတိယသမ္မတသည် ငလျင်ဒဏ်သင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးစိုးရိမ် ပူပန်မှု မရှိကြရန်နှင့် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီ စောင့်ရှောက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများကိုလည်း မြေငလျင်နှင့် ပတ်သက်သော အသိပညာများ ချပြ ရှင်းလင်းကြရန် မှာကြားသည်။
သပိတ်ကျင်း မြို့ပေါ်တွင် အိမ်ခြေ (၈၄၃) အိမ်၊ အိမ်ထောင်စု (၉၂၁) စု၊ လူဦးရေ (၄၁၉၅) ရှိသည့်အနက် သာသနိကအဆောက်အအုံ (၂၁) လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ (၄၈) လုံး၊ စာသင်ကျောင်း (၄) ကျောင်းနှင့် နေအိမ် (၁၀၂) လုံးထိခိုက် ပျက်စီးခဲ့ပြီးဒေသခံ ပြည်သူ (၃) ဦးသေဆုံး၊ (၃၅) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)၊ စေတနာရှင် (၄) ဦးကကျပ် သိန်း (၅၀) စီဖြင့် သိန်း (၂၀၀)၊ စုစုပေါင်း ငွေကျပ် သိန်း (၃၀၀) ပေးအပ်မှုနှင့်အတူ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ငလျင် လှုပ်ခတ်ပြီးနောက် အဆိုပါ ဒေသများတွင် ကာလ အတန်ကြာသည် အထိ မကြာခဏ ငလျင် ထပ်မံ လှုပ်ခတ်လေ့ ရှိသဖြင့်ဒေသခံပြည်သူများမှာ တိုက်အိမ်နှင့် အုတ်ညှပ် နေအိမ်များ အတွင်း မနေထိုင်သင့် သေးကြောင်း သတင်းရရှိသည်။  
Popular Myanmar News Journal





 မြေငလျင်ကြောင့် ပျက်စီးဆုံးရှူံးသော ပုံများ -
















No comments:

Post a Comment