12 November, 2012

မန္တလေးတိုင်း နှင့် စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်....


                              http://www.tunlwin.com/latestdetail.php?myanmar=1086 တွင် ဖော်ပြထားချက်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။
ယခုအခါ ယင်းငလျင်ကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးစာရင်းများကို စတင်ယူနေပြီဖြစ်ကြောင်း ၊ အဆိုပါ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ၇နာရီ ၄၅ မိနစ်လောက်မှာ လှုပ်တာ၊ အန်တီတို့က ၂ ထပ်မှာ နေတာ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ငလျင်က အရမ်းပြင်းတယ်၊ ၈ နာရီမှာလည်း တစ်ခါလှုပ်တယ်”ဟု ကျောက်ဆည်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောကြားသည်။


နောက်ဆက်တွဲ သတင်းများ -

->မန္တလေးမြို့ရှိ ၂၅ထပ် ဈေးချိုမန်းမြန်မာ ပလာဇာတွင် ပထမထပ်နှင့် မြေညီထပ်ဆိုင်ခန်းများမှ ဈေးသူဈေးသားများ စိုးရိမ်မှုကြောင့် ဆိုင်ခန်းများ ပိတ်ထားကြောင်း မကြာမီ မြို့တော်ဝန် လာရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရှိရသည်။  Eleven Media
 ->ယနေ့ နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်မှာ စစ်ကိုင်း မြေငလျင်ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဥာဏ်တော် အမြင့်ဆုံးဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု့ မရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။ မော်ကွန်းသစ်
  ->၁၁-၁၁-၂၀၁၂ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘိုမြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ခန့်ရှိသည့် ငလျှင် လှုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရားမုခ်ဦးတစ်ခြမ်းပြိုကျ၊ ရွှေဂူကြီး အခြေခံမူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင်ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ၊ ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရခဲ့ကြောင်းနှင့် အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ကြောင်းနှင့် ငလျှင်လှုပ်မှုနှင့် ပတ်သက်ပြီး ဆက်လက်ဖော်ပြေပေးသွားမည်ဖြစ်ပါသည်။Infinity Power
-> ငလျင်ကြောင့် စဥ့်ကူးမြို့၌ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်။ ဆေးရုံတွင် ထိခိုက်လူနာ၁၀၀ကျော်၍တချို့မန်းလေးသို့ပို့ရ မြို့လယ်ရှိ ရွှေကူကြီးဘုရား မြေအောက်သို့ကျွံဝင်သွားသည်ဟု သိရပါသည်။  (Ko Zaw Myint)
-> ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။  The Voice Weekly
  ->ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်သည် ။
စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။ ငလျင်ကြောင့် အမရပူရရှိ စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများ ရှိကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။
ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ။

Ref: 7Day News Journal
->မန္တလေး-နိုဝင်ဘာ၁၁
မန္တလေးတွင်နောက်ဆက်တွဲ ငလျင်ငယ်၂ကြိမ် ထပ်မံလှုပ်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို သတင်းထုတ်ပြန်၍မရသေးဟု မိုး/လေဌာနမှလက်ထောက်ညွှန်မှူးဦးလှစောကပြောသည်။
ငလျင်ကကြိုတင်ခန့်မှန်းလို့မရဘူး။အင်အားပြင်းတဲ့ငလျင်လှုပ်ပြီးရင်နောက်ဆက်တွဲငလျင်လာတယ်။အခုလည်းအဲ့ဒါလှုပ်ပြီးသွားပြီ။သတင်းထုတ်ပြန်လို့တော့မရသေးပါဘူးဟု၎င်းကပြောသည်။
နောက်ထပ်ငလျင်ကြီးများထပ်မံနိုင်မလှုပ်နိင်ကိုကြိုတင်ပြော၍မရကြောင်း
၎င်းကထပ်လောင်းပြောသည်။
  Ref:Popular Myanmar Journal
->မန္တလေးတိုင်း မိုးကုတ်မြို့တွင် ငလျင်ဒဏ်ကြောင့် ပေါ်လာသော ဌာပနာ ဘုရားများ News of Myanmar
->မန္တလေးဈေးချိုတွင် ဆိုင်ခန်းများပိတ် ငလျင်ဒဏ်ကြောင့် 
အက်ကြောင်းများ ပေါ် CJMyanmar 



  -> နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းက မိတ္ထီလာမြို့ ၌
ငလျင်လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၁ ရက်မနက် ၇ နာရီ ၄၅ မိနစ်က မိတ္ထီလာမြို့၌
စက္က္ကန့်အနည်းငယ်ကြာငလျင်လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှု့မရှိခဲ့ကြောင်း မိင်္တ္ထီလာခရိုင် မိးသတ်ဦးစီးဌာနမှ သိရှိရသည်။''ကျွန်တော်တို့ မိတ္ထီလာ၊မလှိုင်၊ဝမ်းတွင်း၊ သာစည်၊လေးမြို့နယ်လုံးမှာ ငလျင်လှုပ်သွားတယ်၊သိသာရုံပဲ ရှိပါတယ်၊ခုချိန်ထိတော့ ထိခိုက်သေဆုံးမှု့မရှိပါဘူး။မြို့နယ်စခန်းအားလုံးကို မေးပြီးပါပြီ၊ ''ဟုမိတ္ထီလာခရိုင်မိးသတ်ဦးစိးမှုး ဦးကျော်ဆန်းက အဆိုပါနေ့ မနက် ၉ နာရီတွင်ပြောပြသည်။
''မနက်က ငလျင်လှုပ်တာသိလိုက်တယ်။အိမ်က မှန်တွေ မိးချောင်းတွေ ရမ်းနေတော့ မှ ငလျင်လှုပ်မှန်းသိတယ်၊အစက အိပ်ရာထ ခေါင်းမှုးနေလို့ လှုပ်နေတယ် မှတ်တာ၊ဆယ်စက္က္ကန့်လောက်ကြာမယ်ထင်တယ်၊ ''ဟု မိတ္ထီလာ မြို့ခံမသီသီအောင်က ပြောပြသည်။
မိတ္ထီလာမြို့မှ မိုင်လေးဆယ်ခန့် ကွာဝေးသော ရမည်းသင်းမြို့နှင့် မိုင် နှစ်ဆယ်ခန့်ကွာဝေးသောပျော်ဘွယ်မြို့တို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
''ပျော်ဘွယ်မှာလည်းမနက်က ငလျင်လှုပ်သွားတယ်၊လူတော်တော်များများ ငလျင်လှုပ်မှန်း သိကြတယ်၊ ခုချိန်ထိတော့ လူထိခိုက်သံ မကြားဘူး၊ရမည်းသင်းကတော့ ကျွန်တော်တို့ လောက်မပြင်းဘူး ပြောတယ်၊'' ဟု ပျော်ဘွယ်မြို့ခံတစ်ဦးက ပြောပြသည်။
Ref: Eleven Media Grou
->ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပြိုကျခဲ့ရာ လတ်တလော ရရှိသော သတင်းများအရ အလုပ်သမား ၄ ဦးသေဆုံးပြီး ၂၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးခဲ့ကြောင်း၊နွယ်ငြိမ်းမြို့နယ်တွင်လဲ အိုးဖုတ်ဖို ပျက်စီးဆုံးရှုံးမှု အရေအတွက် ဆယ်ဂဏန်း ၀န်းကျင်ရှိကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ Eleven Media Group
 ->မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘိုမြို့ နှင့် မန္တလေး မြို့များမှာ ငလျင်ဒဏ်ကို ခံစားကြရသူများ အားလုံး ဘေး အန္တာရယ် ကင်းရှင်းကြပါစေ ခင်ဗျာ ။
ငလျင် လှုပ်တဲ့ သတင်းကို ဖေ့ဘွတ်မှာ တွေ့ရလို့ TV မှာများ အရေးပေါ် ကြော်ငြာချက်တွေ ပါလာမလား ဆိုပြီး လိုင်းအားလုံးကို ဖွင့် ကြည့်လိုက်တာ ဘယ်လိုင်းမှ အဲဒီ သတင်း မဖော်ပြကြပါဘူး ။ နိုင်ငံတကာက မီဒီယာတော်တော်များများမှာ ဂြိုလ်တုက ပေးပို့တဲ့ ဓါတ်ပုံများကို တင်ပြီး သတင်းတွေ ရေးတင်ထားတာ တွေ့ရပါတယ် ။
ကျနော် စိတ်ပျက်မိတာ တခုက မြန်မာပြည်က MRT4 , SKY Net ၊ MRTV, Myawaddi အစရှိတဲ့ ရုပ်သံ မီဒီယာတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးကြီး သတင်းများကို မဖော်ပြတာ များပါတယ် ။ ဖော်ပြရင်လည်း မမှန်တာက များတယ် ။ လူသန်းနဲ့ ချီပြီး ဒုက္ခရောက်ခဲ့ကြရတဲ့ နာဂစ်လိုမျိုး သတင်းကိုတောင် ထိန်ချန်ထားတဲ့ မိုးလေ၀သ နှင့် ဇလဗေဒ သတင်းဌာနများကို ကျနော် ရွှံရှာ မုန်းတီးတာ အမှန်ပါဘဲ ။
မိတ်ဆွေတို့ အနေဖြင့်လည်း သဘာဝ ဘေးအန္တာရယ်နှင့် ပက်သက်လာလို့ ထူးခြားမှု တစုံတရာ ရှိခဲ့မယ်ဆိုတာ သိခဲ့ရင် အမြန်ဆုံး တင်ပြပေးစေလိုပါတယ် ။
ရန်ကုန်မှာလည်း နယူးယောက်မှာလို ရေကြီးနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြတယ် လို့ ကျနော်လွန်ခဲ့တဲ့ အပါတ် အတွင်းက ဖတ်ခဲ့မိတဲ့ သတင်းတခုမှာ ဖော်ပြထားတာ တွေ့ရလို့ အားလုံး သတိရှိကြစေချင်ပါတယ် ။
  Burma Thwe
-->မန္တလေးမဟာမုနိဘုရားကြီးပရ၀ုဏ်အတွင်းရှိ နာရီစင်ထီးတိုင်တိမ်းစောင်းခြင်းရှင်မာလဲဘုရား ဓမ္မာရုံရှိ အင်္ဂတေပန်းများနှင့် အနောက်ဘက်မျက်နှာစာရှိခြင်သေ့ရုပ်တုတစ်ခုပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည်။ ငလျှင်လှုပ်ခတ်မှုကြောင့် မြစ်သား-မြင်းခြံလမ်းပိုင်းရှိ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းကြီးကျောင်း၊ စေတီ၁၈ ဆူ ရှိသည့်အနက် ၅ ဆူနှင့် အရံစေတီ ၄ဆူတို့မှာစိန်ဖူးတော်မြေခခြင်းစေတီတော်ခြောက်ဆူမှာဖောင်းရစ်တော်အက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  Eleven Media Group (အောက်ဖော်ပြပါပုံ)


ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ
Sunday, 11 November 2012

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင်လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန်အထိ သိရှိရသော အချက်အလက်
များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှတစ်ဆင့် သိရရခြင်း ဖြစ်ပါသည်။
၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင်
ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။
၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀၀ ခန့် ပြိုကျ။
၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။
၎) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။
၅) ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။
၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။
၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ
မြေခ။
၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊
နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။
၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊အလုပ်အကိုင်၊နေရပ်လိပ်စာ)စိစစ်ဆဲတို့မှာရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျ
ခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။
၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ၀ါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။
၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ
(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။
၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့်
ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူ
ဘုရားမှ စိန်ဖူးတော် များမြေခခဲ့။
၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့်
အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ)ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။
၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက်အုတ်နံရံ ပြိုကျ၊ ၁၃)ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင့်
စခန်းရုံးကျောဘက် နံရံ ပြိုကျ၊
၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ ၁၅) စစ်ကိုင်းတိုင်း
ဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကာရံထားသည့် (၈)ပေ
အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ၊
   Eleven Media Group
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှား နိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။ အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့် ထွက်ပေါ် လာသောခန့်မှန်းမှုများဟာအခြေအမြစ်ကင်းမဲ့သောကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။ http://www.tunlwin.com/latestdetail.php?myanmar=1088

No comments:

Post a Comment