10 November, 2012

ဂိမ်းတစ်ခွေကြောင့် အမေရိကန်တို့ ဒုက္ခရောက်နိုင် ..


ဂိမ်း တစ်ခွေ မကပါဘူး။ စုစုပေါင်း အခွေ သန်း ၂၀ ကိုရက်ပိုင်း အတွင်း ရောင်းချမယ့် Medal Of Honor: Warfighter ဖြစ်ပါ တယ်။
ယင်းဂိမ်းထဲမှာ အိုစမာဘင်လာဒင်ကို သွားသတ်စဉ် တိုက်ကွက်များ ပါဝင်ပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်မှ လုံးဝ မဖော်ပြတဲ့ NavySEAL  မရိမ်းတပ်သားတို့ရဲ့ တိုက်တွက်များ၊ ဗျူဟာများ၊ စစ်အခင်းအကျင်းများ၊ လက်နက်များ ပါဝင်ပါတယ်။ ပြောမယ်ဆိုရင် အမေရိကန် စစ်တပ်က လျှို့ ဝှက်ထားတဲ့ စစ်ရေးဆိုင်ရာအချက်အလက် အများစု ပါဝင်ပါတယ်။ ပါဆို ဂိမ်းခွေကို NavySEALs က မရိမ်း စစ်သား ၇ ဦးက လက်စွမ်းပြ ကူညီပေး ထား တာ ဖြစ်ပါတယ်။ သူတို့ကလည်း နယ်နယ်ရရမဟုတ်ပဲ အိုစမာဘင်လာဒင်ကို ဝင်စီးတဲ့ မရိမ်းစစ်သား တစ်ဦးလည်း ပါဝင်ပါသေ တယ်။ အားလုံးဟာ ပရော်ဖက်ရှင် မရိမ်းများ ဖြစ်ပါတယ်။
အဓိကပြဿနာက အချက်အလက်ပေါက်ကြားခြင်း ဖြစ်ပါတယ်။ အခုဆို Electronic Art (EA) နဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ ထိပ်တိုက်တွေ့ဆုံ နေပါပြီ။ "ခွေကို သန်း ၂၀ကျော်တောင် ထုတ်ရောင်းထားပြီးပြီ။ ပြန်လည် သိမ်းဆည်း ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒီဂိမ်း ဖြစ်လာဖို့ မရိမ်းတပ်သားကို အကူအညီတောင်းတာ ပင်တဂွန်က လက်ခံပြီးသား နောက်မှ သတင်းအချက် တွေ ပေးမသုံးတာတော့ ကျွန်တော်တို့ အပြစ်မဟုတ်ပါဘူး။ အားလုံး သဘောတူနဲ့ မရိမ်း ၇ ဦးက ကူညီပေးခဲ့တာ ဖြစ်ပါတယ်" လို့ EA ရဲ့ အရာရှိကိုယ်တိုင်က ပြန်လည်ပြောကြားနေပါတယ်။
မရိမ်း Navy SEAL ၇ ဦးကတော့ ကြိမ်းသေ အပြစ်ပေးခံရတော့မှာ ဖြစ် ပါတယ်။ အမေရိကန် အစိုးရက စစ်နဲ့သက်ဆိုင်တဲ့ ရုပ်ရှင်တွေမှာ သတင်းအချက်အလက်တွေ အခိုင်အမာ ရရှိဖို့ ပင်တဂွန်က အကူအညီကို ခွင့်ပြုထားပါတယ်။ ရုပ်ရှင်ဆိုတာလည်း နိုင်ငံ့ဂုဏ် ကို မြင့်တင်ပေးတဲ့အတွက် ပင်တဂွန်က အားတက်သရောနဲ့ ကူညီပါတယ်။ ဂိမ်းခွေမှာလည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ Call of Duty, Battlefield တုန်းက ရက်ရောသလို Medal of Honor ကိုလည်း စေတနာ ရော့မသွားပါဘူး။ စစ်ဘက်ဆိုင်ရာ အချက်အလက်များလိုအပ်ရင် အတိအကျ ရအောင် ဗိုလ်ချုပ်ကြီးတွေ ကိုတောင် စေလွတ်ပြီး ကူညီခိုင်းပါတယ်။ သူတို့အတွက်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရပါတယ်။ သို့ပေမယ့် အခုတော့ ဝင်ငွေကောင်းတဲ့ Navy SEAL ၇ယောက်ဟာ အနာဂတ် မကောင်းတော့ပါဘူး။
သူတို့ ဖန်တီးပေးလိုက်တဲ့ Medal of Honor: Warfighter အသစ်ဆက်ဆက် မှာ US ရဲ့  စစ်ဗျူဟာ အများစုပါဝင်ပါတယ်။ လက်နက်တွေ၊ တိုက်ပုံ တိုက်နည်းတွေ၊ လျို့ ဝှက် သတင်းအချက်တွေ စုံလင်စွာ ပါရှိနေတော့ အယ်လ်ကေးဒါးတို့၊ အီရန်တို့၊ တရုတ်တို့က ကျေးဇူးပါလို့တောင် အသံမထွက် ရုံတစ်မယ် EA ကိုကြိတ်ပြောနေပါပြီ။
ဒါကြောင့် ဂိမ်း တစ်ခွေကြောင့် ဒုက္ခရောက်နိုင်ချေရှိတဲ့ အမေရိကန်- ပင်တဂွန်တို့ နောက်တစ်ခါ ဒီလို အမှားမျိုး မဖြစ်ရလေအောင် မရိမ်းတွေကို ရေငုံခိုင်းရတော့မယ်လို့ လောင်ပြောင်နေကြပြီ ဖြစ်ပါတယ်။

--
Ref:nwherald

No comments:

Post a Comment