28 February, 2013

ဆရာတော် များ မအူပင်သို့ စတင်ရောက်ရှိပါပြီ ...


ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၀င်များနှင့် ဒေသခံများ အကြား ရုန်း ရင်း ဆန်ခတ်မှု များဖြစ်ပေါ်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ သို့ရွှေည၀ါဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေးဆရာတော် ရှင်ပါမောက္ခ တို့ ယနေ့ညေ ဒသစံတော်ချိန် ၇း၂၀နာရီခန့် တွင်ရောက်ရှိ လာပြီးကျေးရွာ လူထုကိုတွေ့ဆုံ အားပေး စကားမြွက်ကြား ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်း ယူနေသော The Messenger အကြီး တန်း သတင်းသမား တစ်ဦးက သတင်းပေးပို့သည်။ 

 
ဆရာတော်များသည် သက်ဆိုင် ရာဒေသအာဏာပိုင် များနှင့်လည်းတွေ့ ဆုံဆွေးနွေး ခဲ့ပြီးရုန်းရင်းဆန်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို အားပေး စကားမြွက်ကြားရန်နှင့် အလှူငွေ များပေးအပ်ရန်ဒေသ စံတော် ချိန် ည ၈း၃၀ နာရီခန့် တွင် မအူပင်မြို့ နယ်ဆေးရုံသို့ ဆက်လက်ကြွသွားကြကြောင်း သိရသည်။

No comments:

Post a Comment