27 February, 2013

Eleven Media Group မှ ကျန်မီဒီယာများကို စည်းရုံးလှုံ့ဆော်၍ အင်တာနက်တွင် ကန့်ကွက်ဆန္ဒပြ...


၁။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည့် ပြန်ကြားရေး ၀န်ကြီး ဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား Eleven Media Group မှ ပြင်း ထန် စွာ ကန့်ကွက်ပါသည်။


၂။ ယခု ထုတ်ပြန်ဖော်ပြထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် သတင်းမီဒီယာ ကောင် စီ မှ ရေးဆွဲရန် အစိုးရမှ တာဝန်ပေးထားသည့် ပုံနှိပ်မီဒီယာဥပဒေ မပေါ်ထွက်မီ ကြိုတင် ထုတ်ပြန် လာခြင်းဖြစ်ပြီး သတင်းမီဒီယာကောင်စီမှ ရေးဆွဲမည့် ဥပဒေအား လွှမ်းမိုးချုပ်ကိုင်နိုင်ရန် လုပ်ဆောင် သည်ဟု ယူဆစရာဖြစ်နေပါသည်။
၃။ အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူ မှတ်ပုံတင် ဥပဒေအား တစ်ဖက်လှည့်ဖြင့် ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဤဥပဒေပါ သတ်မှတ်ချက်များသည် သတင်းမီဒီယာကို ပုံနှိပ်ထုတ်ဝေခြင်းမှ တစ်ဆင့် ထိန်းချုပ်ရန် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် မီဒီယာများ၏ လက်ရှိလွတ်လပ်ခွင့်ကို ပိုမိုဆိုးရွားစေသလို ရိုးသားမှုမရှိသော ဥပဒေကြမ်းအဖြစ် ရှုမြင်ပါသည်။
၎။ Eleven Media Group အနေဖြင့် သတင်းမီဒီယာကောင်စီမှ ရေးဆွဲလျက်ရှိသော ဥပဒေကိုသာ လက်ခံ သွားမည်ဖြစ်ပြီး ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေထက် ပိုမိုဆိုးရွားသော မီဒီယာ လွတ် လပ်ခွင့်ကို အပြီးတိုင်ရိုက်ချိုးရန် လုပ်ဆောင်ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥ ပဒေကြမ်းအား (လုံးဝ) ကန့်ကွက်ပါကြောင်းနှင့် စစ်မှန်သော မီဒီယာလွတ်လပ်ခွင့်ကို လိုလားသော စာနယ် ဇင်း မီဒီယာများ၊ ဂျာနယ်လစ်များ အနေဖြင့်လည်း ဤဥပဒေကြမ်းအား ကန့်ကွက်သင့်ကြောင်း တိုက်တွန်း အပ်ပါသည်။

No comments:

Post a Comment