27 February, 2013

မအူပင် အကြမ်းဖက် ဖြိုခွဲသည့် ကိစ္စရပ်အား လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း ပြောဆို..


မုံရွာ၊ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူမြို့နယ်၊ ပလောင်ကျေးရွာတွင် လယ်ယာမြေအငြင်ပွားသည့်ကိစ္စရပ်အား သေနတ်ဖြင့် ပစ်ခတ် ၍ ဖြိုခွဲခဲ့သည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသခံပြည်သူများမှ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ပြောကြားပါတယ်..။



“လက်နက်သုံးပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ ကိစ္စဟာ... ပြဿာနာကို ဖြေရှင်းတဲ့နည်းလမ်းမဟုတ်သလို ပြည်သူကိုလည်း အနိုင်ကျင့် စော်ကားရာ ရောက်ပါတယ်..” ဟု တုံကျေးရွာ သပိတ်စခန်းရှိ လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှား သူ ဒေသခံတောင်သူ တစ်ဦးမှ ပြောပါတယ်..။
လယ်ယာမြေ သိမ်းဆီးခြင်းခံ တောင်သူများမှ မိမိပိုင်လယ်ယာမြေ ပြန်လည်ရ ရှိရေးအတွက် ဆန္ဒပြ တောင်းဆိုရာမှ ရဲဝန်ထမ်း များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်၍ ဆန္ဒပြ လူအုပ်ကြီးအား အကြမ်းဖက် ဖြိုခွဲရာမှ ယင်းကဲသို့ နှစ်ဘက် အထိနာခဲ့ရကြောင်း သိရပါတယ်..။
“ ယခု မအူပင်ဆေးရုံမှာ သေနတ်ဒဏ်ရာရ လူနာ ၂၀ ကျော် တက်ရောက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်..။ မိဘတွေ အခုလို ဆေးရုံတက် နေရတော့ စာမေးပွဲဖြေဆိုမဲ့ သားသမီးတွေဟာ ဘယ်ကလာပြီး စိတ်ကောင်းနိုင်တော့မှာလည်း..”ဟု ကျောင်းသား မိဘတစ်ဦးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောဆိုပါတယ်..။
မအူပင်မြို့နယ်အတွင်းရှိ ရှားခဲအင်း ပြသနာ ငါးလေလံ အငြင်းပွားမှုတွင် ပြည်သူနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီးနောက် လပိုင်းအတွင်း လက်ပံတောင်းတောင် ဒေသတွင် သံဃာတော်များနှင့် လူပုဂ္ဂိုလလ်အချို့ မီးလောင်ဗုံးဒဏ်ရာများ ရရှိခဲ့သော ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ယခုလည်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အချောသပ် အစီရင်ခံစာ ထွက်ပေါ်လာရန် ရက်ပိုင်း အလိုတွင် မအူပင်ဒေသတွင် အကြမ်းဖက် အင်းအားသုံး ဖြိုခွဲမှုများ ထပ်မံပေါ်ပေါက်လာခဲ့မှုအပေါ် ပြည်သူများက အထူး ပူပန်လျက်ရှိကြောင်း သိရှိရပါတယ်..။
 
Monywa Times(

No comments:

Post a Comment