28 February, 2013

မအူပင် ပဋိပက္ခကို စတုတ္ထမဏ္ဍိုင် များ၏ ပုံဖော်ရေးသား ချက်များ ...


7 Day News ဂျာနယ်
---------------------
လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့် ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထား စဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက် စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။လယ်ယာမြေများ အနီးစုဝေး နေသော ဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် သတိပေးပြီးေ နာက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာ သဖြင့် ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိ သူ များ က ပြောကြားသည်။
သတင်းဖော်ပြချက်တွင် အန်အယ်လ်ဒီ၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူးတို့ကို မေးမြန်းခြင်းတို့ ပါဝင်သည်။



The Voice Weekly
--------------------
အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ဒဏ်ရာရသည့် ဗီဒီယိုဖိုင်နှင့် ရဲတပ်ဖွဲ့ဝင်တို့ အဓိကရုဏ်းနှိမ်နှင်းမှု မိန့်ခွန်း ဗီဒီယို ကို မည်သည့် အကြောင်းပြချက်မှမပါ ဖော်ပြခဲ့သည့်အတွက် အင်တာနက်သုံးသူများ အကြား ရဲ တပ်ဖွဲ့ ၀င်များအား ဆဲဆိုပုတ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့သည်။ တောင်သူများ သေဆုံးမှုကို အသားေ ပး ဖော်ပြ၍ ဒဏ်ရာ ရ တောင်သူဓာတ်ပုံများ ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင် အရေ အ တွက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုကို ဖော်ပြခြင်း မရှိ။

ဧရာဝတီ သတင်း
------------------
အဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ဒေသခံ လယ်သမား ၁၅ ဦးဒဏ်ရာရပြီး မအူပင်မြို့ နယ်ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သတင်း ရရှိသည်။ ဒဏ်ရာပြင်းထန်သော ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ရန်ကုန်ေ ဆးရုံ ကြီး သို့ ပို့ဆောင်ထားပြီး အခြေအနေ မသိရသေးကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်က သိမ်းယူခံထားရပြီး ငါးမွေး ကန်အဖြစ် ပြုလုပ်ထားသော လယ်မြေများပြန်လည် ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြား တောင်းဆို ထားသော်လည်း အရေးယူစုံစမ်းမှု မရှိသဖြင့် ဒေသခံ လယ်သမား လေးရာခန့်က နွေစပါး ၀င်ရောက် စိုက်ပျိုးရန် ကြိုးစားခဲ့သည်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ် ပုံများ ကြည်လင်ပြတ်သားစွာဖြင့် ဓာတ်ပုံသတင်းများ ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တို့ ထိခိုက်ဒဏ်ရာ ရရှိမှု သတင်းကို ပထမဆုံး ဖော်ပြခဲ့သည်။

Eleven Media Group
-----------------------
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွား ခဲ့ သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ ဆိုသည့် သတင်းခေါင်းစဉ် ဖြင့် ၀ိုးတ၀ါး မကြည် လင်သော ဓာတ်ပုံများ ဖော်ပြခဲ့သည်။
ဖြစ်စဉ် သတင်းအဆင့်ဆင့်တွင် ရဲတပ်ဖွဲ့ဝင်တို့ ဒဏ်ရာ ရရှိမှုကို ချန်လှပ်၍ ဒေသခံများမှ အကြမ်းဖက်မှု ပိုမိုပြု လုပ်လာပါက ပုဒ်မ ၁၄၄ ကို အပြည့်အဝလုပ်ဆောင်သွားမည်ကို ဧရာဝတီတိုင်း ဒေ သကြီး ဒုတိယ တိုင်း ရဲ တပ်ဖွဲ့မှူးက ပြောကြားခဲ့ခြင်းဖြစ်ဆိုသည့် သတင်းခေါင်းစဉ် ဖြင့် ဖော်ပြခဲ့သည်။

BBC
-----
မလက်တို လယ်သမား ဆန္ဒပြပွဲ ပစ်ခတ်ခံရ ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က ဧရာ ဝတီ တိုင်း မအူပင် မြို့နယ် မလက်တို အုပ်စု ပလောင်ကျေးရွာမှာ လယ်မြေဧက တထောင်ကျော် သိမ်းခံ ရ လို့ လယ်ပြန်ရဖို့ ဆန္ဒပြ နေတဲ့ လယ်သမား တွေနဲ့ ရဲ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး သေနတ်နဲ့ ပစ်လို့ လယ်သ မား ၄ ယောက် ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု လုံးဝ(လုံးဝ) ဖော်ပြခြင်း မရှိ။

Popular Myanmar News
-----------------------------
မအူပင်မြို့နယ်တွင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လူအသေအပျောက်ရှိနေကြောင်း သတင်း ထွက် ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် စတင်ပြီး ရဲတပ်ဖွဲ့ ဒဏ်ရာရသူ စာရင်း၊ တွေ့ဆုံ မေးမြန်းချက်၊ သ တင်းထောက် ကင်မရာမှ ဓာတ်ပုံများ အဖျက်ခံရကြောင်းအထိ အဆင့်ဆင့် ဖော်ပြထားသည်။ ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ်သား ရဲကျော်သူ၏ဖြစ်စဉ်အပေါ် ကျူးလွန်သူအား လူသတ်မှုဖြင့် အမှုဖွင့် အရေး ယူဆောင် ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး ဒုတိုင်းရဲမှုးကြီးက ပြောသည်။ ဆို သည့် သတင်းကို ဖော်ပြခဲ့သည်။

Messenger
----------------
ရွှေည၀ါ ဆရာတော်၊ ဦးဇင်း ၀ီရသူ အပါ သံဃာတော်များ ရောက်ရှိကြောင်း သတင်းကို ဖော်ပြသည်။

Hot news
------------
နောက်ဆက်တွဲ ဓာတ်ပုံများဟု သာ ဖော်ပြခဲ့သည်

RFA
--------
ဥပဒေအရ အခြေအနေကို ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော ခေါင်းစဉ်ဖြင့် ဧရာဝ တီတိုင်းဒေ သကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေ ကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ရ တာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီ တိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဆို ကာ သတင်းအပြည့်အစုံ ဖော်ပြခဲ့ သည်။

No comments:

Post a Comment