27 February, 2013

မလက်တိုကျေးရွာတွင် သေနတ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦးကျည်ဆံထိမှန် ...

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား သိမ်းယူခံခဲ့ရသော လယ်မြေများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးရရှိသော သတင်းများအရ သိရှိရသည်။


 ဖြစ်စဉ်မှာ မလက်တိုကျေးရွာအတွင်း သိမ်းယူခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးနှင့် လက်ရှိလုပ်ကိုင်နေသော လယ်များအတွက် ရေအလုံလောက်စွာ ရရှိရေးအတွက် ဒေသခံလယ်သမားများက လွန်ခဲ့သည့် ၇ ရက်ခန့်ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်မှ ရဲတပ်ဖွဲ့အင်အား ၂၀၀ ခန့်နှင့် မအူပင်မှ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့် လာရောက် စောင့်ကြပ်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လာရောက်ထိန်းသိမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံလယ်သမားများအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သဖြင့် မွန်းလွဲ ၁ နာရီချိန်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရကာ ညနေ ၆ နာရီအချိန်တွင် သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်နှင့် ဒေသခံ ရွာသူရွာသား ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး မအူပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။ ''ဆေးရုံကို လူနာတင်ယာဉ်တွေနဲ့လာတာ ၇ ခေါက်လောက်ရှိပါပြီ၊ ဒေသခံ အမျိုးသမီးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။ တစ်ဦးက ကျည်ဆံဖောက်ဝင်သွားတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရေးပေါ်အခန်းမှာ ကုသနေတယ်လို့ သိရပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စုအတွင်းရှိ ပလောင်ကျေးရွာမှ ရွာခံလူတစ်ဦးက ပြောကြားခဲ့သည်။




သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။
__________________________________
Ref:http://news-eleven.com

No comments:

Post a Comment