24 April, 2013

အင်းလေးကန်တွင် ရေခန်းခြောက်နေ..


ရှမ်းပြည်နယ်အင်းလေးကန်တွင်၂၀၁၀ပြည့်နှစ်ကစံချိန်တင် ရေခန်းခြောက်ဖြစ်စဉ်နီးပါး ရေခန်းခြောက်မှု   ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသရှိဒေခံများမှ သိရသည်။ “အင်းလေးကန်ဟာ အနိမ့်ဆုံး စိုးရိမ်ရေမှတ်ရဲ့(အနှုတ်၁ဒဿမ ၄ပေ)အောက်ကို ရောက်ရှိနေပါတယ်။
(ဖောင်တော်ဦးစေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ 



အင်းပေါ ခုန်အောက်ဘက်မှာရှိတဲ့ ရွာတွေမှာလည်း ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ညောင်ရွေမြို့ဟူပင်ဟိုတယ်ဘေးမှာရှိတဲ့ လှေဆိပ်မှာလည်း ရေအမြင့်တစ်ပေလောက်သာရှိပါတော့တယ်။ ဖောင်တော်ဦးစေတီနဲ့ အလိုတော်ပေါက်စေတီကိုသွားတဲ့လမ်းမှာလည်း ရေခန်းခြောက်တဲ့အတွက် အသုံးပြုဖို့ခက်ခဲနေပြီ်”ဟု အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏တာဝန်ရှိသူ ဦးသာဒိုးက ပြောသည်။
အင်းလေးကန် ရေကျမှု နှုန်းတားဆီးရန် လီရွာအထက်နားတွင် ဆည်ငယ်လေးခုကို ဆောက်လုပ်ပြီး ရေထိန်းမှု
ကို ပြုလုပ်ထားကြောင်း၊ ထိုဆည်လေးခု ပြုလုပ်ပြီးနောက် ရေခမ်းခြောက်လျော့နည်းကျဆင်းမှုနှုန်းသည် တစ်နေ့လျှင် လက်မ၀က်အောက်သာရှိကြောင်း၊ဘ ရေကျနှုန်းလျော့သွားသော်လည်း တစ်လအတွင်း မိုးရွာသွန်းမှုမရှိပါက ကန်ရေ၏ ရေခန်းခြောက်နှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊အင်းလေးကန်အတွင်းရှိ ရေမှော် ဒိုက်ဆည်မှု လုပ်ငန်းများကိုလုပ်ဆောင်လျှက်ရှိသော်လည်း ရေထိန်းရေးအတွက် အောင်မြင်မှုမရရှိသေးကြောင်း သိရသည်။

SkyNet TV Browser

1 comment:

  1. The best ways to get from a TOD escape titanium camp to the
    The best ways to get from titanium flash mica a titanium damascus TOD escape ceramic vs titanium titanium camp to the Ticana Resort The Ticana Resort & Casino titanium meaning From the Ticana Resort & Casino. titanium grinder

    ReplyDelete