24 April, 2013

ရန်ကုန်မြိ့တွင် မြို့နယ် အချို့၌ ဓာတ်အား ပြတ်တောက်မည် ..


ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ရွှေလီလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ဓာတ်အား ထုတ်လုပ်မှု (၁၄၀)မဂ္ဂါဝပ် ဓာတ်အား စနစ်အတွင်း လျော့နည်း သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များ၏ ရပ်ကွက် အချို့တွင် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ၁၅း၀၀ နာရီမှ ၁၇း၀၀ နာရီအတွင်း အများ ပြည်သူများ တစ်ကြိမ်လျှင် တစ်နာရီခန့် ဓာတ်အား ပြတ်တောက်မှု ရှိနိုင်မည် ဖြစ်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment