24 April, 2013

စော်ဘွားကြီးကုန်းဝင်း အတွင်းလေအိုး ပေါက်ကွဲမှု့ဖြစ် လူ ( ၃ ) ဦးသေ


ရန်ကုန်မြို့ အရင် စော်ဘွားကြီး ကုန်း ကားဝင်းထဲက အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့ နေ့ လည် ၂ နာရီ ခွဲ လောက်မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။ ငွေလမင်း သံပစ္စည်းဆိုင်မှာ ဂဟေဆော်တဲ့ လေအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပီး ကလေး ၁ ယောက် လူကြီး ၂ ယောက် အပါအ၀င် ၃ ဦးသေဆုံး ပြီး ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရရှိသူတွေကို အင်းစိန် ဆေးရုံကို ပို့ဆောင် ကုသပေးနေကြောင်း သတင်းရရှိပါတယ်။
(ရိုက်ကူး - အောင်စိုးထိုက်)

No comments:

Post a Comment