27 March, 2013

မြန်မာ့တပ်မတော် အပေါ် လူထုအမြင် ..


ကနေ့မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း နဲ့ လုံခြုံရေး ကို ထိပါးတဲ့ အခြေအနေ ပိုဆိုးလာရင် တပ်မတော် အုပ်ချုပ်ရေး နဲ့ ထိန်းသိမ်းဖွယ်ရာ ရှိတယ် လို့ တာဝန်ရှိသူ တချို့က ပြောနေ ကြ ပါပြီ။ ဒီအခါ မှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လည်း ပါလာလို့ ကနေ့ လို ၆၈ နှစ်ပြည့် တပ်မတော်နေ့ မှာ ပြည်သူ့ အမြင် သဘောထား သုံးသပ်ဖို့ လိုပါပြီ။


ပြည်သူလူထု အနေနဲ့ တပ်မတော် ကို ယုံကြည်ချင် ပေမယ့်လည်း၊ မယုံရဲ လို့ စောင့်ကြည့်နေဆဲ ဖြစ်ပုံ၊ အကြောင်း ကတော့ စစ်အစိုးရ နှစ်ပေါင်း ၅ဝ ကျော် အုပ်ချုပ် ခဲ့တုန်းက နိုင်ငံ ရဲ့ အဆင့်ဟာ ကမ္ဘာ မှာ အနိမ့်ဆုံး ရောက်ခဲ့သလို၊ နိုင်ငံ ရဲ့ စီးပွားရေး၊ နိုင်ငံရေး အရ လည်း မအောင်မြင်၊ တိုင်းရင်းသား တွေလည်း အနှိပ်စက်ခံရ၊ ပြည်သူတွေ လည်း နှိပ်စက် ညှဉ်းပန်းမှု တွေ ခံခဲ့ရလို့ ဖြစ်တဲ့ အကြောင်း အမေရိကန် ရောက်၊ တပ်မတော် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဘီဘီစီ ကို ရှင်းပြပါတယ်။
စစ်ဗိုလ်ကောင်းစားရေး ဝါဒ တွေ လုပ်ခဲ့ကြလို့ တပ်မတော် ရဲ့ သမိုင်းကြောင်း မကောင်းခဲ့ပုံ၊ တကယ်လို့ အရပ်သား အုပ်ချုပ်ရေး မခိုင်မာတဲ့ တိုင်အောင် လက်ရှိစစ်ခေါင်းဆောင် တွေ အနေနဲ့ နိုင်ငံ့အာဏာ ကို သိမ်းလိုစိတ် မရှိတဲ့ နေရာမှာလည်း၊ နိုင်ငံ ကို ပြန်အုပ်ချုပ်ရင်၊ နိုင်ငံ လည်း အရင်လို ပြန် ဒုက္ခရောက် နိုင်လို့ သူတို့ မလုပ်နိုင်တာ ကို သဘောပေါက် ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောပြပါတယ်။
တပ်မတော် အနေနဲ့ မိမိတို့ သမိုင်းကြောင်း၊ ပုံရိပ် ပြန်လည်ကောင်းချင်ရင်၊ အခုလို အကြမ်းဖက်မှု တွေ ကို ဖြေရှင်းတဲ့ အခါမှာ၊ ထိန်းသိမ်းပေး ဖို့ပဲ လိုအပ်ပုံ၊ တိုင်းပြည် ကို ကောင်းအောင် လုပ်ပေးတဲ့ နေရာမှာ၊ ပြည်သူတွေ နဲ့ တသားတည်း ဖြစ်အောင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ နေရာ မှာ၊ တက်တက်ကြွကြွ နဲ့ ပြည်သူနဲ့ ပူးပေါင်း ပါဝင် ဖို့ လိုအပ်ပုံ ကို ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောပြပါတယ်။

No comments:

Post a Comment