27 March, 2013

ဆူပူမှု့ တွေနဲ့ ပတ်သက်လို့ တိုင်းအစိုးရ ပါတီတွေ နဲ့ ဆွေးနွေး ..


မြန်မာ နိုင်ငံ စုစုပေါင်း လူဦးရေရဲ့ ဆယ်ပုံ တစ်ပုံ ရှိတဲ့ ရန်ကုန်တိုင်းမှာ ဆူပူမှု ဖြစ်ရင် နိုင်ငံ တဝန်းလုံးကို ပြန့်သွား နိုင်တယ်လို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက တိုင်း အစိုးရနဲ့ နိုင်ငံရေး ပါတီများ ဆွေးနွေးပွဲမှာ ပြောခဲ့ ပါတယ်။


တိုင်း အတွင်းက မတည်မငြိမ် ဖြစ်နိုင်တဲ့ နယ်မြေ တွေမှာ ည ၉ နာရီကနေ စပြီး ဆိုင်တွေကို ပိတ်ဖို့ အမိန့် ထုတ်ထား တယ်လို့ လည်း သူက ပြောကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ပြုလုပ် နေချိန်မှာ တည်ငြိမ် ဖို့က အရေးကြီးကြောင်း၊ ဘာသာရေး ပဋိ ပက္ခ ဖြစ်တာ မလိုလားကြောင်းနဲ့ မဖြစ်ပွားရအောင် နိုင်ငံရေး ပါတီတွေက ဆောင်ရွက် ပေးပါလို့ ဦးမြင့်ဆွေက ပြောခဲ့ ကြောင်းလည်း ဦးခင်မောင်ဆွေက ပြန်ပြောပြ ပါတယ်။
တိုင်း အစိုးရက ရှင်းပြတဲ့ နေရာမှာ သူတို့ ဘက်က လုံခြုံရေး အစီအမံတွေ ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာ မပြောဘဲ ဆူပူမှုတွေ ဖြစ်လာရင် အောက်ခြေက ပါတီဝင်တွေ ပါလာ တာမျိုး မဖြစ်အောင် ကိုယ့် ပါတီဝင် တွေကို ပါတီ အသီးသီးက ထိန်းသိမ်း ကြဖို့ပဲ ပြောတယ်လို့ သူက ဆိုပါတယ်။
သူ့ အနေနဲ့ကတော့ အစိုးရက နယ်မြေ လုံခြုံရေးကို ပိုချထားသင့်တယ်၊ ပြဿနာ ဖြစ်တယ်လို့ သတင်းရရင် ဖြစ်တဲ့ နေရာကို ချက်ချင်း သွားထိန်း နိုင်အောင် အသင့် ပြင်ထားသင့်တယ်လို့ ယူဆကြောင်း လည်း ပြော ပါတယ်။
တချို့မြို့ တွေမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ ပြင်ပက သွေးထိုး လှုံ့ဆော်မှုတွေ ရှိတယ်လို့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောပေမဲ့ ဘယ်သူတွေ ဖြစ်တယ်၊ ဘယ်လို အရေးယူမယ် ဆိုတာကိုတော့ မပြောခဲ့ဘူးလို့ ဦးခင်မောင်ဆွေက ဆို ပါတယ်။
မြန်မာ နိုင်ငံ မြို့ရွာ တချို့မှာ ဆူပူ ဖျက်ဆီး မှုတွေ ရှိတဲ့ အခြေ အနေတွေ ကနေ ရန်ကုန် တိုင်း အတွင်း ကူးစက် မလာ ရအောင် ရန်ကုန်တိုင်း အစိုးရက လုပ်ဆောင် နေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီ ၂၉ ပါတီကို မတ်လ ၂၆ ရက်နေ့ အင်္ဂါ နေ့က တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ တိုင်း ကော်မရှင် ဥက္ကဌ တို့ပါဝင်တဲ့ အဖွဲ့က ခေါ်ယူ ရှင်းပြခဲ့တာ ဖြစ် ပါတယ်။
အလားတူပဲ ပဲခူးတိုင်း အတွင်းက ဇီးကုန်း မြို့မှာ အခု လက်ရှိအခြေနေ တွေနဲ့ ပတ်သက်လို့ ပဲခူး တိုင်း လွှတ်တော် ဥက္ကဌ၊ တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး တို့က နိုင်ငံရေး ပါတီတွေ၊ လူမှူရေး အဖွဲ့ အစည်း တွေကို သွားရောက် ရှင်းလင်း ခဲ့ပါတယ်။
အစိုးရရဲ့ လက် ရှိလုံခြုံရေး အစီအမံ အပေါ် အားမရဘူးလို့ ဆွေးနွေးပွဲ တက် ရောက်ခဲ့သူ NLD ပါတီ ဘက်က ပြောပါတယ်။

No comments:

Post a Comment