29 March, 2013

အင်အားသုံး ဖြေရှင်းနည်းကို ဦးသိန်းစိန် မလိုလားဟုဆို ..


မိတ္ထီလာမြို့က အစပြုပြီး မြန်မာနိုင်ငံ အောက်ပိုင်း ဒေသ တွေကို ပြန့်နှံ့သွားတဲ့ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က မနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထားလို့ ယူဆဖွယ်ဖြစ်တဲ့ စကားတခွန်းကို သူက ပြောသွားပါတယ်။


အဲဒါကတော့ အယူသီး အစွန်းရောက်လုပ်ရပ်တွေကို ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လတ်တလောဖြစ်ပွားနေတဲ့ ပြဿနာတွေမှာ အစိုးရက ထိထိရောက်ရောက် အရေး မယူဘူးဆိုတဲ့ ဝေဖန်ချက်တွေက တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။ ဒါကို ဖြေရှင်းချက် ထုတ်ထားတယ်လို့ ယူဆရတဲ့ စကားတခွန်းကိုလည်း သမ္မတက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
အစိုးရ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းဟာ ဒီမိုကရေစီ ကျင့်စဉ်ကို စမ်းသပ်ကျင့်သုံးရာမှာ အဟန့်အတား မဖြစ်စေချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အင်အားသုံး ပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်သက်ပါဘူးလို့လည်း မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာပဲ လက်ပံတောင်းအရေး အခင်း ၊ မလက်တို အရေး အခင်းတွေမှာ အင်အားသုံး ဖြေရှင်းခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။
ဒီတော့ သမ္မတအနေနဲ့ အ ခုအခါမှာကျမှ အင်အားသုံးဖြေရှင်းတာမျိုးကို မနှစ်သက်ပါဘူးလို့ ပြောဆိုတာဟာ ဒွိဟ ဖြစ်စရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ သူက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာရင် ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့တော့ ဆိုပြန်ပါတယ်။
ဒါ့အပြင် သမ္မတဦးသိန်းစိန်က အခုဖြစ်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလမို့ ပေါက်ပေါက်တာလို့လည်း ဆိုသွားပါတယ်။
ဒီလိုကာလမျိုးမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုလို့လည်း ဆိုပါတယ်။ မဖြစ်မနေ ကြုံတွေ့ရမယ်ဆိုတဲ့ အသုံးအနှုန်းဟာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလမျိုးမှာ ဘာ့ကြောင့် ဒါမျိုးဟာ မဖြစ်မနေပေါ်ပေါက်သလဲ ဆိုတာ တွေးတောဖွယ် ဖြစ်ပါတယ်။
BBC news

No comments:

Post a Comment