30 March, 2013

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ ဗလီကျောင်းတွင် လုံခြုံရေးများ ချထား...


သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်အတွင်း ရှိ မွတ်ဆလင် ဘုရားရှိခိုးကျောင်း တခုဖြစ်သော ဂျာမေ့ဗလီကျောင်းတွင် မတ်လ ၂၈ ရက် ညပိုင်းကစပြီးအာဏာပိုင်ဘက်မှ လုံခြုံရေးများချထားကြောင်း သတင်းရရှိသည်။


“ ကျမတို့ရပ်ကွက် ထဲရှိဗလီ ကျောင်းလေ ရဲ နဲ့စစ်တပ်ပေါင်းပြီးအင်အား ၃၀ လောက် မနေ့ညကစပြီး လက်နက် အပြည့်နဲ့ လုံခြုံရေး ယူထားတာ တွေ့ရတယ်၊ မွတ်ဆလင်ဘာသာဝင်သူတွေက လဲ အာဏာ ပိုင်ဘက်က လုံခြုံ ရေး မယူပေးမှီ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက သူတို့ကိုယ်တိုင် ဒုတ်တွေ ဓါးတွေကိုင်ပြီးဗလီကို လုံခြုံရေးယူထားကြတယ်၊ သူတို့ကိုကြည့်ပြီးလူတွေက လှန့်ကုန်တာပေါ့။ ကျမတို့သျှမ်းတွေက ငြိမ်းချမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့သူတွေလေ”ဟု ပေါက်တိုက်ရပ်ကွက်နေ အမျိုးသမီးကြီးတစ်ဦးကပြောသည်။
မိထ္တိလာ ဘက်ကနည်းတူ အဓိဂရုဏ်းများ ကူးစက်ပြန့့်ပွား လာမည်ကို ကာကွယ်လိုတာကတစ်ကြောင်း ၊ မိထ္တိလာ ဘက်ရှိ ဆူပူသူတွေက တရုတ်နယ်စပ်ဘက် လာပြီး ဗလီများကို လာရောက်ဖျက်ဆီးမည်ဟူသော ကောဠာဟာဠ သတင်းကြောင့်လည်းကောင်း လုံခြုံရေးယူထားရခြင်းဖြစ်သည်ဟု ၄င်းသူမက ဆိုသည်။
“ဒီတရုတ်နယ်စပ်တလျှောက်ဆိုရင် မွတ်ဆလင်ဘုရားရှိခိုးကျောင်း(ဗလီ) ဟာ ဒီတခုပဲရှိတာ ၊လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာ တွင် ဆောက်လုပ်စဉ် ကန့်ကွက်ခံရပြီး ဆက်မ ဆောက် လုပ်နိုင်ပဲ ခုထိ ဒီအတိုုင်းထားနေရတယ်၊ကျနော်ကတော့ ဘာ လူမျိုးရေးဘာသာရေးအဓိဂရုဏ်းများမလိုဘူး”ဟု မွတ်ဆလင်ဘာသာဝင် နီးစပ်သူ သျှမ်းလူမျိုးတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့တွင် မွတ်ဆလင်ဘာသာဝင်လူမျိုးများ ၁၀၀၀ ကျော်ခန့်ရှိနေပြီး အောင်မေတ္တာ ၊အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ပေါက်တိုက်၊ ဟိုကတ်၊ကောင်းနောင်မို ၊မိုခမ်း စသောရပ်ကွက်များတွင်နေထိုင် ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

No comments:

Post a Comment