26 March, 2013

အကြမ်းဖက်မှူ့ များအစွမ်းကုန်တားဆီးမည်ဟု အစိုးရကြေငြာ..


မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန်းက ရပ်ကြဖို့နဲ့ ဒီ အကြမ်းဖက်မှုတွေ၊ ဘာသာရေး အစွန်းရောက်မှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေနိုင်ကြောင်း အစိုးရ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။


လူမျိုးရေး ဘာသာရေး အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ အားလုံးရပ်ဆိုင်းသွားအောင် အစိုးရအဖွဲ့အနေနဲ့ အစွမ်းကုန် ကြိုးစား သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။
တခါ ရန်ကုန်တိုင်းက မြို့နယ် တချို့မှာ ည၉နာရီ နောက်ပိုင်း ဆိုင်တွေ ပိတ်ကြဖို့ကိုလည်း ရန်ကုန်တိုင်း အာဏာပိုင်တွေက မနေ့က သီးခြားအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့က အရက်ဆိုင်တချို့မှာ ပြီးခဲ့တဲ့ ညပိုင်းက ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ခဲ့တဲ့အတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို လုပ်ခဲ့တာလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဘီဘီစီကို ပြောပါတယ်။
မြို့နယ် တချို့မှာ ဆူပူ တိုက်ခိုက်မှုတွေ လုပ်ဖို့ လှုံ့ဆော်မှုတွေ ရှိတယ် ဆိုတဲ့သတင်းတွေကြောင့် စျေးဆိုင်တချို့ မဖွင့်ပဲ ပိတ်ထားခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မိတ္ထီလာမြို့က ရွှေဆိုင်တခုမှာ အချင်းများရာကနေ စတင်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေအတွင်း လူပေါင်း ၃၀ကျော် သေဆုံးခဲ့ရပြီး ခုချိန်ထိ နေရာဒေသတချို့မှာ ကြိုကြား ကြိုကြား ဆူပူ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment