27 March, 2013

နတ္တလင်းမှာ ဗလီ ၁ လုံးနဲ့ အိမ် ၅ လုံးဖျက်စီးခံရ ...


ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့က ဗလီ ၁ ခုနဲ့ အိမ် ၅ လုံးကို မနေ့ညက အကြမ်းဖက်သမားတစ်စုဝင်ရောက်ဖျက်ဆီးလိုက်တယ်          လို့ သတင်းရရှိပါတယ်။


ည ၉ နာရီကျော်လောက်မှာ လူ ၁ ရာကျော်လောက်မြို့ထဲရောက်လာပြီး ဖျက်ဆီးသွား တာလို့  မျက်မြင်သက်သေတဦးက RFA ကိုပြောပါတယ်။
အခုလို ဖျက်ဆီးခံရတဲ့အိမ်တွေမှာ အခင်းမဖြစ်ခင်ကတည်းက နေထိုင်သူတယောက်မှ မရှိတော့တဲ့အတွက် လူတစ်ဦးမှထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
၂၅ရက်နေ့ညကလဲကြို့ပင်ကောက်မြို့ကဗလီတခုဖျက်ဆီးခံလိုက်ရတယ်လို့ဆို ပါတယ်။အခုလိုအခြေအနေတွေကြောင့် အုတ်ဖို၊ မင်းလှနဲ့ကြို့ပင်ကောက်မြို့တွေမှာ မနေ့ညနေကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ်လူမှုရေးစာမျက်နှာမှာဖေါ်ပြထားပါတယ်။
RFA

No comments:

Post a Comment