31 January, 2013

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိဘာသာရပ်အသစ်ထပ်တိုး ..


အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်   ရှိသော လက်ရှိဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ်  စိုက်ပျိုးရေးနည်းပညာဘာသာရပ်   အသစ်တစ်ခုအား အခြေခံပညာ  မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါကဲ့သို့သော ဘာသာ   ရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ  Bio ဦးဝင်းမြင့်ကပြောကြားရာ တွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ  ဘာသာရပ်ကိုအချို့ကျောင်းတွေ ကတော့ သင်နေပြီ အချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလိုတော့ သင်ရတယ်။ဒီစာအုပ်ရဲ့သင်ကြားချိန်က လည်း ၇၂နာရီရှိတယ်။အခုလာ မယ့် နှစ်ဆိုရင်တော့ အကုန်လုံး  သင်ကြားနိုင်မှာပါ အခုကျောင်း တိုင်းမှာ မသင်ကြားနိုင်သေးဘူး ဆိုတာ ဆရာမတွေဆီမှာ စာအုပ်   မလုံလောက်လို့မသင်ကြားနိုင်သေး တာပါ။အခုလို သင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံ တော်သမ္မတကြီးရဲ့လမ်းညွှန်ချက်  နဲ့ပဲ အဲဒီအကျိုးကျေးဇူးတွေကို  ပြောပြရင်အရမ်းကောင်းပါတယ်။   ငယ်ငယ်လေးထဲက (၁)တန်းကလေး၊     အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အ ကြောင်းကိုသိလာ၊(၃)တန်းကလေး  က အဲဒီအပင်ရဲ့အသီးကမစား ကောင်းတဲ့အသီးလား၊စားကောင်း တဲ့အသီးလားဆိုတာသိလာမယ်။  ကလေးတွေက အခြေခံရသွား မယ်။ အဲလိုအခြေခံရသွားတဲ့ အတွက် ငါတို့နိုင်ငံက စားသုံးသူ  တွေအားလုံးရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်သွားနိုင်တယ်။ဒီလို  လမ်းညွှန်ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။
အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာတစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ  ဒီစာအုပ်ကရှိနေပြီ   ကျောင်းသား/ကျောင်းသူတွေရဲ့   လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ  ဘာသာရပ်ကိုတော့ ဆရာမတို့က တော့ မသင်ကြားဘူး ဘာလို့လည်း  ဆိုတော့ ဆရာမတို့ဆီမှာ စာအုပ်  မလုံလောက်ဘူး””ဟုပြောကြားခဲ့ သည်။
BY HOT NEW s

No comments:

Post a Comment