31 January, 2013

မြန်မာအစိုးရပိုင် “The New Light of Myanmar” သတင်းစာ အသွင်သစ်နှင့်ထုတ်ဝေရန် ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခု ရှာဖွေနေ..


ဘန်ကောက်၊ ဇန်န၀ါရီ ၃၁။

မြန်မာအစိုးရပိုင် သတင်းစာဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသော “The New Light of Myanmar”သည် အစိုးရက
ပြုပြင်ပြောင်းလဲ ရေး များ ပြုလုပ်ကာ မီဒီယာများအား ဖြေလျှော့မှု
ပြုလုပ်ခဲ့ပြီးနောက် ပြည်တွင်း၌ အသွင်သစ်နှင့်ထုတ်ဝေရန် ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီ သစ်တစ်ခု ရှာဖွေနေကြောင်း
သိရသည်။
အသေးစိတ်ကို မသိရှိရသေးသော်လည်း အမည်မဖေါ်
လိုသည့် အစိုးရမီဒီယာ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ
တစ်ဦးက “ကျနော်တို့ဟာ မြန်မာ့အလင်း အင်္ဂလိပ်မူကို လည်ပတ်နိုင်ဖို့အတွက် စိတ်ဝင်စားလုပ်ကိုင်လိုတဲ့သူတွေကို တင်ဒါတွေ ခေါ်ယူသွားဖို့ ပြန်ကြာားရေး ဝန်ကြီး ဌာနနဲ့
သဘောတူညီမှု ရထားပါတယ်။ ဝန်ကြီးဌာနအတွက်က
နေ့စဉ်ထုတ်သတင်းစာတစ်စောင်ကို လူ့စွမ်းအားအရင်း
အမြစ်ရှိရှိနဲ့ လည် ပတ်ဖို့က မဖြစ်နိုင်လို့ပါ။ သတင်းစာကို အရည်အသွေးကောင်းတဲ့ စာစောင်တစ်ခု ဖြစ်လာမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်” ဟု ပြော ကြားသည်။
မြန်မာအစိုးရအာဘော် New Light of Myanmar သည် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရအုပ်ချုပ်မှု ပြီးဆုံးသွားပြီး
နောက်ပိုင်းတွင် ၎င်း၏ အရေးအသားပုံစံများမှာ ပြောင်းလဲ
လာခဲ့သည်။ လက်ရှိတွင် ပြည်တွင်း၌ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်းမ် အပတ်စဉ် ထုတ် စာစောင်
ကလည်း New Light of Myanmarနှင့် ပူးပေါင်းရန် စိတ်ဝင်
စားနေကြောင်း ဆိုသည်။
မြန်မာတိုင်းမ်၏ ပူးတွဲတည်ထောင်သူ သြစတေးလျနိုင်ငံသား
ရော့စ်ဒန်ကလေကလည်း “ဒါဟာ ဒီတိုင်းပြည်မှာ နိုင်ငံပိုင်မီဒီ
ယာကို ပုံစံပြောင်းရေးအတွက် ကြီးမားတဲ့ အခွင့်အလမ်းပါပဲ” ဟု မှတ်ချက်ပေးပြောကြားသည်။
မြန်မာအစိုးရသည် ပြီးခဲ့သည့် သြဂုတ်လမှစ၍ ထုတ်ဝေသမျှ ပုံနှိပ်စာအုပ်များအား ကြိုတင် ဆင်ဆာတင်ရသည့်စနစ်ကို ပယ်ဖျက်ပေးခဲ့သည်။ ပုဂလိက ဂျာနယ်များသည်လည်း
လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများအဖြစ်
ပြန်လည်ထုတ်ဝေခွင့်ရတော့မည် ဖြစ်သည်။
မြန်မာအစိုးရ၏ ယင်းသို့ မီဒီယာအပေါ်ဖြေလျှော့ပေးမှု
များကြောင့် ယမန်နေ့က ထုတ်ပြန်ခဲ့သော နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ၏ ၂၀၁၃ ကမ္ဘာ့မီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာသည် လွတ်လပ်မှုအဆင့် ၁၈ ဆင့် မြင့်တက် လာခဲ့ပြီး၊ နိုင်ငံပေါင်း ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ နေရာ အထိ
ပြန်တက်လာခဲ့သည်။


Ref: Bangkok Post

No comments:

Post a Comment