04 February, 2013

SEA GAME တွင် အားကစားနည်း (၃၃) မျိုးပါဝင်မည်...


မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME) ၌ အားကစားနည်းပေါင်း (၃၃) မျိုး ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။    
  လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည့် SEA GAME တွင် ပြေးခုန်ပစ်၊ ရေကူး၊ မြှားပစ်၊ ဘတ် စကက်ဘော၊ ကာယအလှ၊ ကြက် တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ကနူးလှေ၊ စက်ဘီး၊ စစ် တုရင်၊ မြင်းစီး၊ ဘောလုံးနှင့် ဖူဆယ်ဘောလုံး၊ ဂေါက်၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ ကမ်ပိုရိုးရာသိုင်း၊ မွေထိုင်းလက် ဝှေ့၊ ပန်ကတ်စီလတ်၊ အင်ဒိုနီးရှား သိုင်း၊ ပီတန်းသံလုံးပစ်၊ အနောက် တိုင်းလှေလှော်၊ ပိုက်ကျော်ချင်း နှင့် မြန်မာ့ချင်း၊ သေနတ်ပစ်၊ ရွတ်လှေ၊ စားပွဲတင်တင်းနစ်၊ တိုက် ကွမ်ဒို၊ ရိုးရာလှေလှော်၊ ဘော်လီ ဘော၊ ဗော်ဗီနမ်၊ ဗီယက်နမ်သိုင်း၊ အလေးမ၊ နပမ်းနှင့် ၀ူရှူးတို့ပါဝင် မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင် အားကစားနည်း (၅)မျိုးကျင်းပမည်ဖြစ်ပြီး မန္တလေး တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ငွေဆောင်တွင် ရွက်လှေပြိုင်ပွဲနှင့် ကျန်အားကစားနည်းများကို နေပြည်တော်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းလည်း သိရသည်။ SEA GAME တွင် မဖြစ်မနေ ထည့်သွင်းရမည့် အားကစားနည်း များ၊ အိုလံပစ်ပြိုင်ပွဲ အားကစား နည်း (၂၈)မျိုး၊ အာရှအားကစား နည်း (၁၄)မျိုးနှင့် ရိုးရာအားက စားနည်း (၈)မျိုးထက် မပိုသော ကစားနည်းများ ထည့်သွင်းနိုင် ကြောင်း SEA GAME သဘော တူညီမှုစာချုပ်အရလည်း သိရ သည်။
 အောင်ထွန်း

No comments:

Post a Comment