17 January, 2013

KIA တပ်မဟာ(၅)နယ်မြေ အတွင်း အဓမ္မပြုကျင့်ခံရသူမရှန်ပူနောက်ဆက်တွဲသတင်း ..


KIA တပ်မဟာ(၅) နယ်မြေ တပ်ရင်း(၃)တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် အဓမ္မပြုကျင့်မှု ခဲ့သောတပ်ရင်း(၃)၏ နောက်တန်း လုံခြုံရေး အရာရှိဖြစ်သူလဖိုင်လအားယနေ့ ဇန်နဝါရီလ၁၇ရက်     နေ့ နံနက်ပိုင်းကလွှတ်ပေးလိုက်ကြောင်းသိရှိရသည်။
အဆိုပါအရာရှိသည် ရှေ့တန်း စစ်မျက်နှာတွင်     တာဝန်ထမ်းဆောင် လျက်ရှိသော တပ်ကြပ် ဇော်ဆိုင်း ၏ ဇနီး ဖြစ်သူမရှန်ပူအား အိမ်တွင် တစ်ယောက်တည်း အိပ်ပျော် နေခိုက် အိမ်ပေါ်သို့ တက်ရောက်ကာ အတင်း အဓမ္မပြုကျင့်မှု ကို ပြုလုပ်ခဲ့သူဖြစ်ပြီး ၄င်းအရာရှိအား ယခုတွင် တပ်မဟာ(၅) ဌာနချုပ်၊လေ့ကျင့် ရေးဌာနတွင် တာဝန်ပြန်လည်ထမ်းဆောင်စေကြောင်း သိရှိရသည်။

အဓမ္မပြုကျင့်ခံရသူမရှန်ပူအားတပ်ရင်း(၃)တပ်ရင်းမှူးကစစ်ဆင်ရေးလိုအပ်ချက်အရဟုပြောဆိုကာစစ် သင်တန်း ကိုဇန်နဝါရီလ၁၅ရက်နေ့ ကတက်ရောက်စေပြီး၎င်းသင်တန်း ဆင်းပါကလိုင်ဇာရှိဆေးတပ်တွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရှိရသည်။ယခုအခါ လိုင်ဇာ တွင်ရှိသော အရာရှိဇနီးမှလွဲပြီး စစ်သည်များဧ။်ဇနီးများအားဇန်နဝါရီလ၁၅ရက်နေ့ မှစတင်ကာစစ်သင်တန်း တက်ရောက်ရန် အတွက် လိုင်ဇာဌာနချုပ်မှအမိန့် ထုတ်ပြန်ထား သည် ။
စင်္ကပူဖီး

No comments:

Post a Comment