20 October, 2012

" ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်အရ ကျန်ရှိနေသေးသော ၆၁ စစ်ကျန်ဘတ်စ်ကားကြီးများအား ပြေးဆွဲခွင့် ပိတ်သိမ်းပြီ " ..


ရန်ကုန်၊ အောက်တိုဘာ ၁၇

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်အရ အပ်နှံရန် ကျန်ရှိနေသော ၆၁ စစ်ကျန် ဘတ်စ်ကားများအား ပြေးဆွဲခွင့် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ' မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ(ဗဟို) ' မှ အတွင်းရေးမှူးက ပြောသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်အရ စစ်ကျန်ဘတ်စ်ကား များနေရာတွင် City Bus များ အစားထိုးတင်သွင်း ပြေးဆွဲလျက် ရှိကြောင်း ယခုနောက်ဆုံး ပြေးဆွဲခွင့်ပိတ်သိမ်းရန် ကျန်ရှိသည့် ၆၁ စစ်ကျန်ဘတ်စ် ကားများအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာယီပြေး ဆွဲခွင့် သုံးလပေးထားသော်လည်း သတ်မှတ်ကာလ ပြည့် ပြီဖြစ်သောကြောင့် ပြေးဆွဲခွင့်များအား ပိတ်သိမ်းပြီဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။
" ၆၁ စစ်ကျန်ဘတ်စ်တွေကို က.ည.န ကနေ ယာယီပြေးဆွဲခွင့် သုံးလပေးထားပြီး အခု ပိတ်သိမ်း လိုက်ပါပြီ၊ တကယ်လို့ ဒီ ၆၁ စစ်ကျန်ဘတ်စ်တွေ နေရာမှာ ကားသစ်တွေ တင်သွင်းလာရင်တော့ အစားထိုး ယာဉ်တွေကို ဦးစားပေး ပြေးဆွဲစေမှာပါ " ဟု မ.ထ.သ(ဗဟို) မှ အတွင်းရေးမှူးက ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယင်း စစ်ကျန်ဘတ်စ်များအား ပိတ်သိမ်းလိုက်သော် လည်း လက်ရှိ တွင် ပြေးဆွဲလျက်ရှိဆဲ ဖြစ်ပြီး သတ်မှတ် ကာလကျော်လွန် ၍ ပြေးဆွဲခြင်းဖြစ်သောကြောင့် စစ် ဆေးတွေ့ရှိပါက အရေးယူ မည်ဖြစ်ကြောင်း သိရသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်အရ စစ်ကျန်ဘတ်စ်များ အား ပြေးဆွဲခွင့် ပိတ်သိမ်းပြီး အစားထိုးယာဉ်များအား တိုးချဲ့ပြေးဆွဲလျက် ရှိရာ ယခု ပြေးဆွဲခွင့် ပိတ်သိမ်းသော ၆၁ စစ်ကျန်ဘတ်စ် မှာ နောက်ဆုံးကျန်ရှိသော စစ်ကျန်ဘတ်စ်များ ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

REF: Automobile Journal

No comments:

Post a Comment