20 October, 2012

" အပ်နှံသည့်ယာဉ်များအား သံမဏိစက်ရုံ(အင်းစိန်) အတွင်း သို့ မောင်းဝင်မှသာ လက်ခံမည်ဖြစ် " ...


ရန်ကုန်၊ အောက်တိုဘာ ၁၇
အပ်နှံယာဉ်များအနေဖြင့် သံမဏိစက်ရုံ(အင်းစိန်) အတွင်း သို့ မောင်းဝင်မှသာ လက်ခံမည်ဖြစ်ကြောင်း သိရ သည်။
အပ်နှံယာဉ်များနှင့် ပတ်သက်၍ သံမဏိစက်ရုံ၏ အသိပေးချက်အရ ယာဉ်အပ်နှံပြီးကြောင်း ထောက်ခံ ချက်ပုံစံ ' ဃ ' မိတ္တူတစ်စောင် နှင့် ' စ ' ပုံစံ မူရင်းတို့ကို ပူးတွဲ၍ အပ်နှံရမည်ဖြစ်ပြီး ပုံစံ ' ဃ ' ပါ မှတ်တမ်း အချက် အလက်များနှင့် တိုက်ဆိုင်စိစစ်ပြီးမှ သံမဏိစက်ရုံက လက်ခံမည်ဖြစ်သည်။ ထို့ပြင် အပ်နှံသည့်ယာဉ် များအနေဖြင့် စက်ရုံအတွင်း သို့ မောင်းဝင် အပ်နှံ ရမည်ဖြစ်ပြီး တွန်းခြင်း၊ ဆွဲယူခြင်းနှင့် ယာဉ်တစ်စီးပေါ်တင်ပြီး လာရောက် အပ်နှံပါက ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အပ်နှံလျက်ရှိသည့် Mazda အုပ်စုဝင် ကားများထဲ တွင် သက်တမ်း နှစ်လေးဆယ် ကျော် ကားများ ပါဝင်နေ၍ အဆိုပါ ကား ပိုင်ရှင်များသည် ယခုရက်ပိုင်းအတွင်း ကားဟောင်းအပ်နှံရန် ယာဉ်ကြံ့ခိုင်မှု အတွက် ပြုပြင်မှုများ ပြုလုပ်နေကြောင်း ကားဝပ်ရှော့တစ်ခုမှ သိရသည်။

No comments:

Post a Comment