13 December, 2012

တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး စိုးသူရထိခိုက်ဒဏ်ရာရ ..


ဒီဇင်ဘာလ(၈)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုအခြေစိုက် ခလရ(၁၄၁)စစ်ကြောင်းနှင့် KIA တပ်ရင်း(၅)တို့ ပန်ဒန်(Pan Dang)အနီး
ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ခလရ(၁၄၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုးသူရ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ယခုအချိန်တွင် မြစ်ကြီးနားမြို့
မပခ စစ်ဌာနချုပ် ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲသတင်းတို
------------------
ဒီဇင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဆားမှော် အခြေစိုက် ခလရ(၁၀၅) အင်အား(၄၀)
ခန့်သည် ပါကျိုဒေသ လီဆူးပါဂျောင် သို့ စစ်ကြောင်းချီတက်လာစဉ် KIA တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီး ခလရ(၁၀၅)တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံး
သွားကြောင်း သိရှိရ သည်။
ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီခန့်တွင် နားဖေါ့(NawHpaw)  တပ်စခန်းတွင် အခြေပြုလုပ်ရှားနေ သော ခလရ(၁၀၅)တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၁၁)ရက်နေ့ နေ့လည်(၁၂)နာရီခွဲမှ (၂)နာရီခွဲအထိ ရှမ်းပြည်မြောက်ပိုင်း ပန်းဆဲပြည်သူစစ် တပ်ဖွဲ့နှင့် ခလရ(၂၄၂)တပ်ဖွဲ့ တို့ ပူးပေါင်းစစ်ကြောင်းနှင့် KIA တပ်ရင်း(၈)တပ်ဖွဲ့ဝင်တို့သည်
လွယ်ကျင်ဘွမ်(Loi Kyin Bum)တ၀ိုက်တွင် တိုက်
ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(source-MKN)

No comments:

Post a Comment