04 February, 2013

လှိုင်သာယာမြို့နယ် မီးလောင်မှု ဖြစ်ပွား ..


ရန်ကုန်၊ ဖေဖော်ဝါရီ ၃။
ယနေ့ ည ၇ နာရီ ၂၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ မြရိပ်ညို
၅ လမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ၈ နာရီ ၁၀ မီနစ်တွင် မီးငြိမ်းသွားကြောင်းသိရ
ပြီး ဂါတ်စ်အိုး(သို့) ဆီသိုလှောင်မှုကြောင့် ပေါက်ကွဲခြင်းဖြစ်ကြောင်း
အနီးပက်ဝန်းကျင်ရှိ ဒေသခံများက ပြောကြားသည်။
   "အုန်းကနဲ ဆိုတာကို ကြားလိုက်တယ်၊ ပြီးတော့ မီးတောက်ကြီးက အကြီး
ကြီး၊ ဝါယာရှော့ ကြောင့်ဆိုရင် မီးတောင်ဒီလောက် ဘယ်ကြီးမလဲ"ဟု
မီးလောင်မှု ဖြစ်ပွားခြင်းကို မျက်မြင်တွေ့မြင်ရသော ဒေသခံတစ်ဦးက
ပြောကြားသည်။
မီးလောင်မှုကြောင့် လူနေအိမ် ၄ လုံးနှင့် မိသားစုနေ အဆောင်များ ဆုံးရှုံး
သွားကြောင်းသိရပြီး သက်ဆိုင်ရာမှ မီးလောင်မှုအား စုံစမ်းစစ်ဆေးလျက်
ရှိကြောင်း သိရသည်။
"ပေါက်ကွဲတဲ့ နေရာကတော့ အိမ်ကနေဗျ၊ သူ့ရှေ့က ဆိုင်ကယ် ၃ စီး
နဲ့ လမ်းဘေးမှာ ရပ်ထားတဲ့ ဟိုင်းလက်တစ်စီးမီးလောင်သွားတယ်"ဟု
မီးလောင်မှုအား ရပ်ကွက်တွင်းနေထိုင်သူများက ရှင်းပြသည်။
မီးလောင်မှုတွင် နေအိမ်ပါသွားသော မအိအိဖြိုးဆိုသူက "ကျွန်မတို့ အိမ်
က စလောင်တာ မဟုတ်ပါဘူး၊ မီးနဲ့ ပါတ်သက်တဲ့ အကုန်မီးချခဲ့တယ်။
ချက်ပြုလဲ မစားသောက်ဘူး။ ဒီနေ့က တစ်အိမ်လုံး ရွှေတိဂုံကို ဘုရား
ဖူးထွက်နေတာပါ" ဟုပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ မြို့နယ်မှူး သန်းမြင့်ဦးက "ဘယ်ကနေ ဘယ်လိုတွေ
ဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ ဖြစ်တာအတိအကျ သိရရင်တော့
ပုဒ်မ ၂၈၅ နဲ့ အရေးယူမှာပါ" ဟု မြန်မာခေတ်သို့ ပြောကြားသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့် မြရိပ်ညို ၅ လမ်းအတွင်း လူနေအိမ်
များ ပြည်ကျပ်လျက်ရှိပြီး မီးလောင်မှုအား ယခုကဲ့သို့ လျင်မြန်စွာ မငြိမ်း
သတ်နိုင်ပါက ရပ်ကွက် တစ်ခုလုံးအား ဝါးမြိုသွားမည်ဖြစ်ကြောင်း
ဒေသခံများက ဆိုကြသည်။
စူးရှ

No comments:

Post a Comment