14 March, 2013

ဝန်ထမ်းသက်သာဟူ၍ စ.စ.စအဖွဲမှ သိမ်းယူထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ရယူလို...


  တွံတေးမြို့နယ်၊ ဂယက်လမီးကျေးရွာအုပ်စု ထော်ကူးကျေးရွာနေ လယ်သ မား(၂၈)ဦးလုပ်ကိုင်စားလျှက်ရှိသောမြေဧက (၆၅)ဧက အား တွံတေး မြို့နယ် စ.စ.စ အဖွဲ့မှ၂၀၀၁ခုနှစ် နိုဝင်ဘာလတွင် အတင်းအဓမ္မသိမ်းဆည်း ခဲ့ကြောင်း လယ်သမားတစ်ဦးဖြစ်သူ ဦးတင့်နွယ်က ပြောကြားခဲ့သည်။



ယင်းလယ်မြေဧက(၆၅)ဧကသည် ၁၈၈၉ခုနှစ်များမှစ၍ ကျေးရွာ
ရှေ့ ပြေး သ မမြေများဖြစ်သော ညောင်လမ်းကွင်း အမှတ်(၅၃C)တွင်
ကျေးရွာ ရ.၀.တ များဖြစ်ကြသော ဦးကျော်အောင် (ဥက္ကဋ္ဌ)
ဦးအောင်မောင်း (အတွင်းရေးမှူး)တို့မှ တကယ်လုပ်နိုင်သူများအား တစ်နိုင်တစ်ပိုင်လုပ်စား နိုင်ရေးအတွက် လယ်မြေများကို ခွဲဝေပေး လုပ်ခဲ့ကြောင်း၊ ယင်းနောက် မြေလွတ်၊မြေလပ်၊မြေရိုင်းများဟူ၍
စ.စ.စ အဖွဲ့မှ ၁၉၉၈မှ ၂၀၂၈ခုနှစ်အထိ နှစ်ပေါင်း(၃၀) အသုံးပြု ခွင့်ကို လျှောက်၍ မြေယာများကို သိမ်းယူခဲ့ကြောင်း သိရသည်။
“ဦးတို့ရဲ့ခံစားချက်ကတော့ တစ်သက်လုံး လုပ်စားလာတာဆိုတော့
ပြန်လိုချင်တာပေါ့။ ဒီလယ်တွေလုပ်တုံးက တွံတေးစပါဒိုင်တွေကို လည်း ရောင်းရတယ် ပြေစာတွေလည်းရှိတယ် အခုတော့ပြေစာတွေ
ဖျောက်ပြီတို့ကို ကျူးပြေစာတွေတက်ပြီး ၂၀၀၁ခုနှစ်မှာ သိမ်းခဲ့တာ”
ဟု လယ်သမား ဦးဖိုးတိုက ပြေကြားသည်။
ယင်းအပြင် ကရင်ပြည်သူ့ပါတီမှ ခရိုင်ဥက္ကဋ္ဌ ဦးမန်းအုန်းမြင့်သိန်း “ဦးတို့ပါတီအနေနဲ့ မသိနနာမလည်မှုကြောင့် အနိုင်ကျင့်ခံရတာ
တွေ၊ သိနားလည်းသော်လည်း မတရာသော ဖိနှိပ်မူနဲ့ စိုးမိုးတာ
တွေ အဲဒါတွေနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိတဲ့ ပါတီတစ်ခု အနေနဲ့ ပြုပြင်ပြောင်း လဲလာ တဲ့ ဒီမိုကရေစီ စနစ်မှာအခြေခံ
လူတန်းစား ဘ၀တွေရဲ့အခက်အခဲကို ပြောရေးဆိုခွင်နဲ့ ရင်ဆိုင်
ဖြေရှင်းပေးဖို့ ဒီကိစ္စတွေကို လုပ်ဆောင် ပေးနေတာပါ”ဟု
ပြောကြားသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြ ထားပြီး၊ ပြည်ထောင်စုအစိုးရ၀န်ကြီးအထိ တင်ထားကြောင်း၊
သို့သော် မည်သို့မျှ အကြောင်းမထူးကြောင်းနှင့် အကြောင်းမထူး
ပါက ငြိမ်းချမ်းစွာ ဆန္ဒပြဖို့အထိ ဆက်လက်လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သိရသည်။


The Myanma Age

No comments:

Post a Comment