13 January, 2013

ကုန်ဈေးနှုန်းကျဆင်းရေးမှ ကိုထင်ကျော်ကို လူတစ်စု ဝိုင်းရိုက် ..


ဒီကနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမရှေ့မှာ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ရိုးရိုးလေး ကုမ္မဏီ ပိုင်ရှင် ဦးသိန်းနိုင် နဲ့ အပေါင်းအပါ ၃ ဦးတို့က ဝင်ရောက် ထိုးကြိတ် သွားတယ်လို့ သိရပါတယ်။
 ကိုထင်ကျော် ဦးဆောင်တဲ့ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဟာ ဒီကနေ့ တော်ဝင်နှင်းဆီမှာ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေမှုဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ သွားရင်း အခုလို ထိုးကြိတ် ခံရတာဖြစ်သလို အဲဒီလို ဝင်ရောက်ထိုးကြိတ်တဲ့သူတွေဟာ Hummer ကား အနက်ရောင် ကားနံပါတ် ၄င/၆၆၅၅ နဲ့ မောင်းနှင် ထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။
 ဝင်ရောက်ထိုးကြိတ်ရာမှာ ပါဝင်သူ ဦးသိန်းနိုင်ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က တရားမဝင် လောင်စာဆီ ရောင်းဝယ်မှု ချဲထိုင်ကိုင်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ကျခံခဲ့ရပြီး နေသား ၁ နှစ် ၃ လနဲ့ ၉ ရက်အကြာမှာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ကျိုက်ထီးရိုး ဂေါပက အားဂတိ လိုက်စားမှုမှာ ပါဝင်သူဖြစ်တယ်လို့လည်း သိရပါတယ်။




 
BurmaVJMedia

No comments:

Post a Comment