06 March, 2013

လိင်စိတ်ကြွဆေးရောင်းချမှုများကို ဆေးဆိုင်များတွင်သာမက ဈေးဝယ်စင်တာအထိပါ လိုက်လံဖမ်းဆီး ...


ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင် စိတ်ကြွေ ဆးေ ရာင်း ချမှုများအား ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက် ဖမ်းဆီးလျက် ရှိကြောင်း သတင်း ရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း ရန်ကုန်မြို့ရှိ ကျောက်တံတား၊ လသာ၊ စမ်းေ ချာင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ ကမာရွတ်၊ ပန်းဘဲတန်းမြို့နယ်တို့တွင် အမှုပေါင်း ၁၁ မှု ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စာရင်းဇယားများအရ သိရသည်။


ယခင်က လမ်းဘေးဆေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လိုင်စင်ရ အိမ်သုံးဆေးဝါးဆိုင်များတွင်သာ မှတ်ပုံ တင် ထားခြင်း မရှိသည့်ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော်လည်း ထိုကဲ့သို့ ဆေးဆိုင်များတွင် ရောင်းချ ခွင့် မရှိ သည့် ဆေးဝါးများအား ဖမ်းဆီးမှုများ ရှိ ခဲ့သော်လည်း ယခုအခါ ရှော့ပင်းစင်တာများရှိ ဆေးဆိုင် များ တွင် ပါ ဖမ်းဆီးခြင်းဖြစ်သည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများအား အဓိကဖမ်းဆီးခဲ့ပြီး ထိုထဲတွင် Sex Toys, ECEE-2, Play Boy, Max Man, Lady a Vergy, Ponts, Mr.Bean စသည့် ဆေးဝါးများလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စာရင်း များ အရ သိရသည်။
“ကျွန်တော်တို့ဆီမှာ ၀င်ဖမ်းဖို့ သတင်းရတာ သေချာတာနဲ့ ဖမ်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သ တင်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လိင်စိတ်ကြွစေသည့်ဆေးဝါးများမှာမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများကိုသာ ဖမ်းဆီြး ခင်းဖြစ်ေ ကြာင်း ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးမှူးရုံးမှ ဒေါက်တာစုစုခိုင်က ပြော သည်။
“အများအားဖြင့် ပြဿနာ တစ်ခုခုဖြစ်လာရင် အဲဒီဆေးဝါးနဲ့ ပတ်သက်တာတွေကို ဖမ်းလေ့ရှိတယ်။ မကြာ ခဏ လည်း မှတ်ပုံမတင်တဲ့ဆေး၊ မရောင်းရတဲ့ ဆေးတွေကို ဖမ်းတာမျိုးတွေ ရှိတယ်။ ဒီလိင်စိတ်ကြွတဲ့ ဆေး ကတော့ ရန်ကုန်မှာတင် မဟုတ်ဘူး။ နယ်တွေမှာလည်း ဖမ်းနေတယ်လို့ ကြားတယ်” ဟု ရွှေမန်းဆေး ဆိုင်မှ ဦးလင်းမြင့်က မှတ်ချက်ပြုပြောကြားသည်။
အချို့ဆေးဝါးများသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေတတ်သောကြောင့် ယင်းဆေး ၀ါးများ ကို သုံးစွဲလိုပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲသင့်ကြောင့်ဒေါက်တာကောင်းမွန်ဝင်းက ပြော သည်။
“လူငယ်တွေ အသုံးပြုကြတဲ့ ဆေးတွေဆိုလည်း သူက သုတ်ထွက်မြန်တာကို ပြုပြင်ဖို့ ဦးနှောက်ကို ပြုပြင်တဲ့ ဆေးဝါးမျိုးတွေ ဖြစ်တယ်။ မသုံးတတ်ဘဲ သေချာဆေးပမာဏ မရှိဘဲ သုံးတာများရင် ဦးနှောက်ပိုင်း ဆိုင် ရာတွေ ပြဿနာဖြစ်တယ်” ဟု မျိုးဆက်ပွားကျန်းမာရေး သုတေသနပြုလုပ်နေသူ ပညာရှင်တစ်ဦးက ပြော သည်။. 
ပုံမှန်ဆေးဝါးများပါ ရောင်းချနေသည့် ဆေးဆိုင်များအတွက် ထိုလိင်စိတ်ကြွစေသည့် ဆေးဝါးများသည် အထူး တလည် ရောင်းချရမှုများပြားနေသည့် ဆေးဝါးများ မဟုတ်ကြောင်း ဦးလင်းမြင့်က ဆက်လက်ပြောသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားဖြစ် လိင်စိတ်ကြွဆေးမျိုးစုံကို ဖမ်းဆီးကာ အမျိုး သားေ ဆးဝါးဥပဒေပုဒ် ၁၈ အရ အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment