15 February, 2013

အလုံသင်္ဘောကျင်းဝန်ထမ်းများ ဆန္ဒပြ ...

(သတင်းဓာတ်ပုံ - ကေခိုင်ကျော်)
အလုံသင်္ဘောကျင်းဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဒဂုံသင်္ဘောကျင်းကို ပြောင်းရွှေ့ခိုင်းခဲ့ပေမယ့် ပြောင်းရွှေ့စရိတ် လုံလောက်စွာမရရှိတဲ့အတွက် ညအချိန်မတော် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။




"ပြောင်းရွှေ့စရိတ်ကို ၂ သောင်းပဲ ပေးတယ်။ ကျမတို့ဆီမှာ ကလေးတွေကလည်း ကျောင်းတက်နေတုန်းဆိုတော့ ပြောင်းရွှေ့ဖို့အတွက် အဆင်မပြေဘူး။ ညက ၁၂ နာရီလောက်ကစပြီး မီးဖြတ်လိုက်တယ်။ ကျမတို့လည်း ညကတည်းက လမ်းမပေါ်မှာ ထွက်ထိုင်နေကြတာ။ မနက် ၃ နာရီလောက်က အတင်းဖယ်ခိုင်းဖို့ ရောက်လာကြတယ်။ ကျမတို့ကိုလာပြီး ကူညီတဲ့ အဖွဲ့အစည်းတွေက ၀ိုင်းပြီးပြောကြလို့ အခု အချက် ၅ ချက်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်" လို့ ၀န်ထမ်းတဦးက ပြောပါတယ်။
အလုံသင်္ဘောကျင်းဝန်ထမ်းတွေက ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုပြီးချိန်မှ ပြောင်းရွှေ့ခွင့်ပြုရန်။ နေထိုင်ရေးအတွက် အဆင့်သင့်ဖြစ်ရန်။ လုပ်ငန်းဝင်ရောက်ရန် အဆင်သင့်ဖြစ်ရမည်။ ပြောင်းရွှေ့စရိတ် လုံလောက်စွာ ထောက်ပံ့ရမည်။ ဆန္ဒထုတ်ဖော်သူများကို အလုပ်ထုတ်ခြင်း၊ အရေးယူခြင်း၊ နေရာပြောင်းရွှေ့ခြင်းများ မပြုလုပ်ရန် စတဲ့အချက် ၅ ချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

DVB



No comments:

Post a Comment