15 February, 2013

၁၂ တန်း ပညာရေး စနစ် လာတော့မည်...



အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား
မှာကြားထားကြောင်းနိုင်ငံတော်သမ္မတဦးသိန်းစိန်ကယနေ့ပြောကြားသည်။

 
နောက်ပိုင်းတွင်မြန်မာနိုင်ငံမှကျောင်းသားများသည်ဘွဲ့ရ၍အလုပ်ခွင်ဝင်   သည်နှင့်အင်္ဂလိပ်စာအားကျွမ်းကျင်စွာပြောနိုင်၍အနိမ့်ဆုံးအာဆီယံအဆင့်တွင်ဝင်ရောက်ဆွေးနွေးနိုင်သည်အထိလေ့ကျင့်သင်ကြားပေးရန်စီစဉ်မည် ဖြစ်ကြောင်း သမ္မတကပြောသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ၏ ကလေး-ဟားခါး ဖွံ့ဖြိုးရေး ခရီးစဉ်တွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
7Daysnews

No comments:

Post a Comment