12 October, 2012

မီးရထားပေါ်မှ စွန့်စွန့်စားစားဈေးသည်များဘ၀ ,,


အထက်ပိုင်းမြန်မာပြည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ပိုင်း၊အောက်ပိုင်းမြန်မာပြည် မန္တလေး-ရန်ကုန် မီးရထားလမ်းပိုင်း များတွင်သာမက မြန်မာပြည်ဒေသ အသီးသီးရှိ မီးရထားလမ်းပိုင်းများ ရှိ အစုန်အဆန်ကူးလူးသွားလာ နေကြသော မီးရထားများပေါ် တွင် ပုံစံမျိုးစုံသော ဈေးသည်များ က သက်ဆိုင်ရာကို ပုံစံမျိုးစုံဖြင့် ပေးကမ်းချဉ်းကပ်၍ ဈေးရောင်း နေကြရကြောင်းသိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း တွင် ဆေးလိပ်၊ကွမ်းယာမီအစ ရေသန့်ဗူး၊မုန့်မျိုးစုံ၊ကြက်ဥပြုတ်၊ ဘဲဥပြုတ်၊ပြောင်းဖူးပြုတ်ထိ သယ် ဆောင်ရောင်းချကြပြီး ခရီးသွား များလိုအပ်မည်ထင်သော ပစ္စည်း မျိုးစုံကို ရောင်းချတတ်ကြသည်။ တစ်ဦးလျှင် ရင်းနှီးမတည်ငွေ ကျပ်နှစ်သောင်းမှ သုံးလေးသောင်း ထိရှိသည်ကို တွေ့နိုင်သည်။
ထို့နောက် အသွား/အပြန် ရထားက တစ်စီးထဲဖြစ်၍ အစု အဖွဲ့အလိုက် အသွား/အပြန်လုံ ခြုံရေးတာဝန်ကျရဲတပ်ဖွဲ့အတွက် ၅၀၀၀ကျပ်၊လက်မှတ်စစ်အဖွဲ့ အတွက် ၅၀၀၀ကျပ်ပေးဆောင်ရ ကြောင်းသိရသည်။အဆန်၅အထူး ရထားဖြင့် ရန်ကုန်-မန္တလေးခရီး စဉ်တွင် သာစည်ဘူတာမှ လိုက်ပါ လာသော ဈေးသည်က ညနေ(၃) နာရီ မန္တလေး-ရန်
ကုန်ခရီးစဉ်တွင် အစုန်၆အထူးအမြန်ရထားဖြင့် မန္တလေးမှသာစည်ဘူတာထိ လိုက်ပါခွင့်ရှိသည်။ဈေးသည်တစ် ဦး အသွား/အပြန်ဈေးရောင်းရာ ၀န်ဆောင်ခ (၁၀၀၀၀)ကျပ်ကို အဖွဲ့အလိုက်ပေးဆောင်ကြရ သည်။
လူတစ်ဦးအတွက် ဒဏ်ကြေး ငွေ အသွား/အပြန် ၈၀၀၀ကျပ် နှင့်ဝန်ဆောင်ခ အသွား/အပြန် ကျပ်တစ်သောင်း၊စုစုပေါင်း ငွေ ကျပ် (၁၈၀၀၀)ကို ပေးနိုင်မှ ဈေး ရောင်းနိုင်ခွင့်ရှိသည်။
အသက်နှင့်ရင်း၍ ရောင်းချ နေရပါသော်လည်း မီးရထားဈေး သည်များ၏ဘ၀ကား ပင်ပန်း သလောက်အကျိုးမရှိသည်မှာ အမှန်ပင်။တစ်နေ့ဝင်ငွေ ၅၀၀ကျပ်၊ ၁၀၀၀ကျပ်ခန့်ဖြင့်ပင် ပြီးခဲ့ရသော နေ့များကလည်း မရေမတွက်နိုင်။ ဆင်းရဲမှုလျော့ကျရေးစီမံချက်သည် ဆင်းရဲသားပြည်သူများအတွက် မည်၍ မည်မျှခရီးရောက်မည်ကို မီးရထားပေါ်တွင် အသက်စွန့် ရောင်းချနေကြရသော ဆင်းရဲ သားဈေးသည်လေးများက ငံ့လင့် နေကြရပါကြောင်းဖြင့်…။

hotnews

No comments:

Post a Comment