27 January, 2013

မင်းသမီး အိချောပို ကိုကျေးဇူးပြုပြီး မီးမထိုးလိုက်ကြပါနဲ့ ...


အကယ်ဒမီ ပေးပွဲ ၀တ်စုံထဲတွင် ပရိသတ်မျက်စိအကျဆုံးဖြစ်ခဲ့တာက တက်သစ်စ မင်းသမီးလေး အိချောပို ရဲ့အပြင်အဆင်တွေပဲဖြစ်ပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုယ်ခန္ဓာအတွင်းအလှတွေကို လှစ်ဟပြသလားထင်မှတ်ရတဲ့ ဒီဝတ်စုံဟာ သတင်းပေါင်းများစွာကို ထပ်မံယူဆောင်လို့လာခဲ့တာလည်း အမှန်ပါပဲ။ အိချောပိုရဲ့ အကယ်ဒမီဝတ်စုံကို ချုပ်လုပ်ပေးသူကတော့ မနန္ဒာပါ။ မနန္ဒာဟာ သူကိုယ်တိုင် စိတ်ကူးထားတဲ့ ၀တ်စုံဒီဇိုင်းနဲ့အတူ အိချောပိုကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲမတိုင်ခင် အိချောပို ကနေပြီး ပုဂံခေတ်ဒီဇိုင်းလေးမျိုး ၀တ်ချင်တယ် ဖွင့်ဟလာခဲ့တဲ့အတွက် မနန္ဒာက ရှေ့ခေတ်ကို လက်ရှိ မော်ဒန်နဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းဝတ်စုံကို ဖန်တီးခဲ့တာပါ။ ဒီဇိုင်နာဆီကနေ အချိန်ရမှာ အားလုံးရဲ့ရှေ့မှောက် အိချောပိုက ၀တ်ဆင်ပြခဲ့ပါသေးတယ်။ အပြင်မှာကြည့်လိုက်တော့လည်း အားလုံးက အဆင်ပြေနေလို့ ဒီအတိုင်းပွဲတက်မယ်ဆိုပြီး အိချောပိုက ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် မီးထိုးလိုက်ချိန်မှာတော့ အိချောပို အင်္ကျီက အနည်းငယ် ပါးလျသလို မျိုးဖြစ်ခဲ့ပါတော့တယ်။
        အစောပိုင်းတုန်းက အိချောပိုဟာ အောက်ကနေ အသားရောင် အင်္ကျီလေး ခံဝတ်ဖို့စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီဇိုင်နာက သူကနုတ်တွေကို ဖုံးသွားမှာ စိုးရိမ်စိတ်ကြီးနေလို့ အိချောပိုဟာ ဒီအတိုင်းလေးပဲဝတ်ဖြစ်သွားတာပါ။ အခုတော့လည်း အင်္ကျီအပေါ် စကားသံတွေက အတိုင်းအဆမရှိ ဝေဖန်နေလေကြတော့တယ်။ ကျွန်တော်တို့လည်း တစ်စုံတစ်ခုကို ရွေးချယ်ပြီဆိုရင် နေရောင်အောက်ရော မီးရောင်အောက်ပါ စမ်းသပ် စစ်ဆေးကြည့်ဖို့ လိုအပ်လာပြီနဲ့ တူပါတယ်။


  Friday journal(Malaysia)

3 comments:

  1. နောက်ဆိုဝတ်မလာရင်ဒုက္ခ

    ReplyDelete
  2. အိချောပိုကိုအရမ်းချစ်သွားပြီး...................
    အမည်မသိမှော်ဆရာလေး......................

    ReplyDelete
  3. အိချောပိုလေကိုအရမ်းချစ်မိသွားပြီး..............
    အမည်မသိမှော်ဆရာလေ...........

    ReplyDelete