27 January, 2013

ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်း ...


မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။
ဆရာတော်ဦးပါမောက္ခသည် OIC ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် မည့်အစီအစဉ်ကိုကန့်ကွက်ခြင်း၊ လက်ပံတောင်းတောင် အရေးကိစ္စကို ကန့်ကွက်ခြင်း စသည်တို့အတွက်ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ရာ တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။
  အင်တာနတ်သတင်း

No comments:

Post a Comment