06 March, 2013

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့ ...


နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီး ပွာြး ဖစ် ထုတ်နိုင်သော ရွှေကြောများရှိနေကြောင်း ဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။
ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက် ခုံ ရွှေကြောတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးေ ရွှထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြော သည်။ 



ယင်းရွှေကြောမှာ နေပြည်တော် တောင်ဘက်ရှိ တောင်တန်းများမှတစ်ဆင့် ပေါင်းလောင်းေ ရ အား လျှပ်စစ်စီမံကိန်းအထိပင် ရှည်လျားကြောင်း ဦးစိုးသိန်းကပင်ဆိုသည်။
ယင်းရွှေကြောများကို လောလောဆယ် စီးပွားဖြစ် ထုတ်ယူသွားမည်မဟုတ်ဘဲ တပ်မတော် ပိုင်နယ်မြေ အတွင်း တွင် တည်ရှိနြေ ခင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က အ တည်ပြုပြောကြားသည်။
ထိုနေရာမှာ ဒေသအခေါ် သရက်ခုံနယ်မြေ အတွင်းတွင် တည်ရှိနေပြီး ယခင်က ရွှေထုတ်ယူခဲ့သည့် နယ်မြေ တစ်ခုဖြစ်ခဲ့ကြောင်း ဦးဝင်းထိန်ကပြောသည်။
“အဲဒီဘက်မှာ ရွှေကြောတွေ ရှိမှန်းတော့သိတယ်။ ဒါပေမဲ့ ရန်ကုန်ဘက်ကို တက်လာတာတော့ မရှိဘူး။ တချို့ ရွာသေးသေးလေးတွေမှာ တစ်ပိုင်တစ်နိုင်လုပ်နေတာမျိုးတွေတော့ ကြားမိတယ်” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
နေပြည်တော် - ရန်ကုန်အမြန်လမ်းမနှင့်အပြိုင် ၉၈ မိုင်နှင့် ၁၁၅ မိုင်ကြားရှိ အလယ်ရိုးမအနီးတွင်လည်း ရွှေကြော များ ရှိပြီး လက်ရှိတွင် ဒေသခံအချို့မှ တစ်ပိုင်တစ်နိုင် တူးဖော်မှုများလည်းရှိကြောင်း ဘူမိဗေဒပ ညာရှင် များက ဆိုသည်။
မြန်မာနိုင်ငံ ဧရိယာအတွင်း ၅၄ ရာခိုင်နှုန်းကျော်တွင် ဈေးကွက်ဝင် သတ္တုအမျိုးပေါင်း ၂၀ ကျော်ထွက်ရှိပြီး နေရာ အနှံ့အပြားတွင် သတ္တုကြော သတ္တုသိုက်များ တည်ရှိနေကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့် သယံ ဇာ တ ကော်မတီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ အဓိကထွက်ရှိသော ရွှေကြောအများစုမှာ တောင်ငူ၊ ရမည်သင်း၊ သထုံ၊ ဘီးလင်း၊ ရွှေကျင် အစရှိသော မြို့နယ် များအပြင် ကချင်ပြည်နယ် မြစ်ဆုံအနီးတစ်ဝိုက်တွင် အဓိကထုတ်ယူလျက်ရှိသည်။
မြန်မာနိုင်ငံ၏ မြို့ပေါင်း ၁၇၆ မြို့နယ်တွင် သတ္တုကြောသတ္တုသိုက်များ ခိုအောင်းတည်ရှိ နေပြီး အစိုးရ အနေဖြင့် အမှန်တကယ်သုတေသနပြုေ ဆာင်ရွက်မည်ဆိုပါက တိုင်းပြည်အတွက် များစွာ အကျိုးဖြစ် ထွန်းနို င် မည် ဖြစ်သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် သတ္တု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပညာရှင်အများစုက အကြံပြုပြောကြားခဲ့သည်။

No comments:

Post a Comment