01 December, 2012

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ ပြင်းထန် သံဃာတော်များ အား မန္တလေးဆေးရုံကြီးသို့ညတွင်းချင်း ပို့ဆောင်နေ ..


လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်သည့်သူများနှင့် သံဃာတော်များကို ယနေ့ ညနေပိုင်း ခန့်မှစတင်ကာ မုံရွာမြို့ပြည်သူ့ ဆေးရုံကြီးမှနေ၍ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွေ့ကု သမှုများပြုလုပ်နေကြောင်း မျက်မြင်ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။
ယင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦး က ပြောကြားရာတွင် "ဒီထိခိုက်ဒဏ်ရာရသံဃာတွေကို မန္တလေးဆေးရုံကြီးကိုပို့ပေးနေတယ် လို့သိရတယ် လမ်းပေါ်မှာလည်း လူနာတင်ယာဉ်တွေ ကိုတွေ့တာ ၁၁ စီးလောက်ရှိနေပြီ " ဟု ပြောကြားသည်။
မုံရွာမြို့ခံ မျက်မြင်သက်သေတစ်ဦးက " ဒီနေ့ညပိုင်းအထိ ၁၅ ပါးရှိပြီလို့ ဆေးရုံက ဆရာဝန်တစ်ယောက်က ပြောတယ် သူ့အပြောအရတော့ ဒီည ၁၂ နာရီအထိ အခြေအနေကြည့်ပြီးပို့မှာ မန္တလေးဆေးရုံဘက်က လူနာတင်ယာဉ်တွေလာနေတာ အခုချိန်အထိတော့ မြင်းမူရောက်နေပြီလို့ သိရတယ်" ဟု ယနေ့ည ၉ နာရီ အချိန်တွင် ရန်ကုန်မီဒီယာဂရု(ပ်)သို့ အတည်ပြု ပြောကြားသည်။

No comments:

Post a Comment