01 December, 2012

"လက်ပံတောင်းတောင်အရေးရန်ကုန်တွင်ဆန္ဒဖော်ထုတ်ကြပြန်"


ရန်ကုန်၊ ဒီဇင်ဘာ ၁
လက်ပံတောင်းတောင်အရေးငြိမ်းချမ်းစွာဆန္ဒပြသည့် ရဟန်းသံဃာများနှင့်ပြည်သူများကို ဖြိုခွင်းသည့်အတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ(၁)ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့သည်။

 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အခြားတာဝန်ရှိသူများက ပြန်လည်တောင်းပန်ရန် ဆန္ဒဖော်ထုတ်သူများကတောင်းဆိုခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်သူများသည် တရုတ်သံရုံဆီသို့ မြေနီကုန်းမှ ချီတက်လာခဲ့ကြသော်လည်း ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သည်။
အဆိုပါဆန္ဒပြအဖွဲ့တွင် ရဟန်းသံဃာနှင့်ပြည်သူအင်အား ၂၀၀ ခန့်ပါဝင်ကြောင်းသိရသည်။

No comments:

Post a Comment