28 November, 2012

တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆရာတော်ဝီရသူမှ ဦးဆောင်ဆန္ဒ ဖော်ထုတ်မည် မဟုတ်..


Wednesday, November 28, 2012

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆရာတော် ၀ီရသူမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်သွား မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။
"ဦးဇင်းကို ဘယ်သူကမှ လာပြီးမလျှောက်သလို ၊ ဘယ်သူမှလဲ လာပြီးတိုင်ပင်မှု မပြုလုပ်ပါဘူး" ဟု ဆရာတော်ဝီရသူက မိန့်ကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်း လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖေါ်ပွဲကို မန္တလေးမြို့ တွင်လည်း ဆရာတော်ဝီရသူ ဦးဆောင်ပါဝင်သွား၍ သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော်မူ လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း မသိရှိကြောင်း ဆရာတော်မှအတည်ပြုပြု မိန့်ကြားခဲ့သော်လည်း ၀န်ကြီးဦးအောင်မင်း၏ တရုတ်ပြည်အပေါ် ကျေးဇူး ရှိသည်ဆိုသောစကားနှင့် ပတ်သတ်၍ ဆရာတော်မှ ဘ၀မကျကြောင်းကို မိန့်ကြားခဲ့သည်။
ဆရာတော်ဝီရသူသည် ၂၀၀၂ ခုနှစ် ကျော်ဆည် အဓိကရုံးတွင် ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စတ်တင်ဘာ ၁၇ ရက်နေ့တွင်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိ ရသည်။
လက်ရှိတွင် ဆရာတော် ၀ီရသူသည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ သီတင်းသုံး နေထိုင်ပြီး နိုဝင်ဘာ(၂၄)ရက်နေ့တွင် လက်ပံတောင်းတောင်
သို့ သွားရောက်ခဲ့၍ အလှူငွေထည့် ၀င်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖေါ်မှုများပြုလုပ်
ခဲ့ကြပြီး နိုဝင်ဘာ (၂၉)ရက် နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းသို့သွားရောက် မည်ဖြစ်သည်။


Myit Makha Mediagroup

No comments:

Post a Comment