28 November, 2012

ပြည်သူများ သက်သာစေရန် မိုဘိုင်းအင်တာနက်အသုံးပြုခပြောင်း လဲခြင်းဟု ဆက်သွယ်ရေးရှင်းလင်း ..


Wednesday, November 28, 2012

ဒီဇင်ဘာ(၁)ရက်မှစတင်၍ မိုဘိုင်းဖုန်းမှအင်တာနက်အသုံးပြုမှု ပေးချေ
ရမည့် Volume Based Charging စနစ်ဖြင့်ပြောင်း လဲကောက်ခံမှုမှာ အင်တာနက်အသုံးပြုသူများအတွက် ယခင်ကထက် ငွေကြေးသက်
သာစေရန် အတွက် ဖြစ်သည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်က ဆိုသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အပြင်မှာ ပြောနေကြတာတွေက မဟုတ်
ပါဘူး။ ကျွန်တော်တို့က ပြည်သူတွေကို အဆင်ပြေအောင် လုပ်ပေးထား
တာပါ။ တကယ်တမ်းက ကျွန်တော်တို့ ပြပေးတဲ့ Plan B နဲ့ Plan C ဟာ ဆိုရင် အများကြီး သက်သာအောင်လုပ်ပေးထားတာပါ။ လေးသောင်း
လောက်ကျမယ့်ဟာကို ၇၀၀၀ လောက်နဲ့ အဆင်ပြေအောင် လုပ်ပေးထား
တာပါ၊ ပြီးတော့ Facebook သုံးရင်လည်း နာရီဝက် ၆၀၀ ဆိုတာ မဟုတ်ပါဘူး၊ Facebook အသုံးပြုသူတွေက 100 MBထက် ကျော်ပြီး
တော့ သုံးကြမှာလား၊ ဘယ်လိုမှ မကျော်ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Volume Based Charging စနစ်ဖြင့် ကောက်ခံမည့် နှုန်းထားများမှာ -
(၁) Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြုတိုင်း
(၂)ကျပ် ကောက်ခံပါမည်ဖြစ်ပြီး ကြိုက်သ လောက်သုံး၊ ကျသလောက်ပေး
ဖြစ်သည်။ (၂) Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats အကုန် ခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရရှိ
မည်ဖြစ်ပြီး 200 Mbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်း ထပ်မံ ကောက်ခံ မည်ဖြစ်ပြီး (၃) Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကို အသုံးပြုခွင့်ရပါမည်။
1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyteလျှင် (၂)ကျပ် နှုန်း ထပ်မံ ကောက်ခံပါမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Plan များအနက် Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော မိုဘိုင်း အင်တာနက် သုံးစွဲသူများသည် ရွေးချယ်
လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်း ဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်း မန်နေဂျာရုံးများမှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ်ဆန္ဒပြုခြင်း
မရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A (Unlimited Data Plan)ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေး ချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် သုံးစွဲသူများ၏ ပြောကြားချက်အရ Facebook သုံးမည်ဆို
လျှင်ပင် မိမိWall ပေါ်တွင် တင်ထားသော ပုံများ၊ စာများဖော်ပြပေး
သည်ဖြစ်သည့်အတွက် တစ်မိနစ်လျှင် 1 MB နှုန်း data အသုံးပြုမည်ဖြစ်
သည်။ ထို့ ကြောင့် ဖုန်းနှင့် အင်တာနက်အသုံးပြုမည်ဆိုပါကတစ်မိနစ်လျှင်
၂၀ ကျပ် ကျပြီး နာရီဝက်ခန့် Facebook အသုံးပြုမည်ဆိုလျှင်ပင် (၆၀၀)ကျပ်ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် Viber အသုံးပြုမည်ဆိုပါက တစ်မိနစ်လျှင် 240 KB နှုန်း data အသုံးပြုမည်ဖြစ်သောကြောင့် တစ်မိနစ် လျှင် (၅)ကျပ် ကျသင့်မည်ဖြစ်ပြီး Skype နှင့် Video Call အသုံးပြုမည်ဆိုပါက တစ်မိနစ်လျှင် 6 MB နှုန်း data သုံးမည်ဖြစ်သောကြောင့် တစ်မိနစ်လျှင် ၁၂၀ ကျ သင့်နိုင်ကြောင်း သိရှိရသည်။
“အဲလို အင်တာနက်သုံးခတွေ ဈေးကြီးလာမယ်ဆိုရင် ဖုန်းမှာ အင်တာနက်
ချိတ်ထားလည်း ထုတ်မသုံးရဲ တော့ဘူး၊ သူဌေးတွေလောက်ပဲ သုံးနိုင်
တော့မယ်” ဟု ဖုန်းနှင့် အင်တာနက်အသုံးပြုနေသူ ကိုမင်းထက်ကိုက
ပြောသည်။


No comments:

Post a Comment