30 August, 2012

အမှိုက်ကားဖြင့် စွန့်ပစ်ခြင်းခံရတဲ့ ကလေးများကိစ္စ တိုင်ကြားခြင်း



အမှိုက်ကားဖြင့် စွန့်ပစ်စော်ကားခြင်းခံရသောကလေးများ၏ ကလေးသူငယ် အခွင့်အရေးများ နစ်နာခြင်းအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသို့ စာတင် 

ကလေးတွေဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်၊ ကျနော်တို့ ကမ္ဘာရဲ့ အနာဂတ်တွေပါ။ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေ၊ လေလွင့်နေတဲ့ကလေးတွေ တိုင်းပြည်မှာမရှိအောင်တဲ့လုပ်တဲ့ စီမံချက်ကိုလက်ခံပါတယ်၊ လုပ်တဲ့အခါမှာ နည်းမှန်လမ်းမှန် လုပ်ထုံးလုပ်နည်းနဲ့ လုပ်ဖို့တော့လိုအပ်ပါတယ်၊ ခုလို အမှိုက်ကားထဲကို အမှိုက်လိုသဘောထားပြီး တန်းဖိုးမထားဘဲ စွန့်ပစ်စော်ကားတာကတော့ လုံးဝလက်မခံနိုင်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအနာဂတ်ကို အမှိုက်ကားထဲစွန့်ပစ်စော်ကားတာနဲ့ အတူတူပါပဲ။ လုပ်တဲ့အခါမှာ နိုင်ငံတာကာကလေးသူငယ်ဥပဒေတွေ၊ ပြည်တွင်းက ကလေးသူငယ်ဥပဒေတွေ၊ နည်းဥပဒေတွေလုပ်ထုံးလုပ်နည်းတွေနဲ့ နည်းမှန်လမ်းမှန်လုပ်ဖို့ လိုအပ်ပါတယ်။ 

သူတို့အတွက်ပြန်လည်ထူထောင်ရေးတွေ လိုအပ်ပါတယ်။ ကလေးတွေ၊ ကလေးမိဘတွေရဲ့ဘ၀ရပ်တည်မှုအတွက် ပြန်လည်ထူထောင်ဖို့ အသက်မွေးဝမ်းကျောင်းပညာတွေ လိုအပ်ပါတယ်။ လုပ်တဲ့အခါမှာ အစိုးရရယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ NGO တွေ နိုင်ငံသူ/နိုင်ငံသားတွေအားလုံးက နည်းမှန်လမ်းမှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 

ကလေးတွေအမှိုက်ကားဖြင့် စွန့်ပစ်စော်ကားခြင်းခံရတဲ့ ကလေးတွေရဲ့ အနာဂတ်၊ ကလေးသူငယ်အခွင့်အရေးများ နစ်နာမှုအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို တင်ပြရခြင်း ဖြစ်တယ်။ 

ဇော်ထွန်း 
(HRDP) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်
(ပြည်ဒေသ)

(တိုင်ကြားထားတဲ့ စာကို ဓါတ်ပုံအယ်လ်ဘန်မှာ ကြည့်ရှုနိုင်ပါတယ်)

No comments:

Post a Comment